iQOO Z1x ကို ဇူလိုင်လ ၂ ရက်နေ့မှာ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ iQOO က အဲဒီဖုန်း သတင်းကို ဘာမှ မပြောသေးပါဘူး။ အခုတော့ TENAA မှာ အဲဒီဖုန်းကို တွေ့လာရပြီ ဖြစ်တဲ့အတွက် မကြာခင် ကြေညာနိုင်ပါတယ်။ TENAA မှာ ဖုန်း အရွယ်အစား၊ မျက်နှာပြင် အရွယ်အစားနဲ့ ဘက်ထရီ ပမာဏတွေကို ဖော်ပြထားပါတယ်။

TENAA က စာရင်းအရ ၆.၅၇ လက်မ မျက်နှာပြင်နဲ့ 4,880mAh ဘက်ထရီ ထည့်ထားပြီး အရွယ်အစား အပြည့်အစုံမှာ 164.20 x 76.5 x 9.06mm ဖြစ်ပါတယ်။ အရင် သတင်းတွေအရ iQOO Z1x မှာ Full HD+ Resolution နဲ့ 120Hz Refresh Rate ပါလာမှာဖြစ်ပြီး ဓါတ်ပုံတွေ မထွက်လာသေးတဲ့အတွက် အရွယ်သေး Notch  သို့မဟုတ် Punch Hole ပါလာမလား ဆိုတာ မသိရသေးပါဘူး။

iQOO Z1x မှာ Snapdragon 765G Chipset မောင်းနှင်ထားနိုင်ပြီး 6GB or 8GB RAM နဲ့ 128GB Storage ပါလာမှာပါ။ အရင်ကတော့ 5,000mAh ဘက်ထရီလို့ သိခဲ့ရပြီး 3C က စာရင်းအရ 33W Fast Charger ထည့်ထားမှာ ဖြစ်ပါတယ်။

အရှေ့ ကင်မရာ သတင်းအချက်အလက်ကို မသိရသေးပါဘူး။ အနောက်ကင်မရာ ၃ လုံး ပါလာနိုင်ပြီး 48MP ပါလာမှာပါ။ Snapdragon 765G ပါတဲ့ ဈေးအချိုဆုံး ဖုန်း ဖြစ်နိုင်ပါတယ်။

Ref : gizmochina