iQOO က ဒီလ ၂၆ ရက်နေ့မှာ ပွဲ ၁ ခု ကျင်းပပြီး iQOO Z6 Series ကို ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ အဲဒီ Series ရဲ့ အဓိက ဖုန်းက Snapdragon 778G Plus ပါတဲ့ iQOO Z6 ဖြစ်ပါတယ်။ ကုမ္ပဏီက Z6 နဲ့အတူ iQOO Z6x ကိုပါ မိတ်ဆက်မယ်လို့ ဝီဘိုကနေ အတည်ပြုလိုက်ပါတယ်။

IQOO Z6 battery

ကုမ္ပဏီက မျှဝေလိုက်တဲ့ iQOO Z6x ပိုစတာမှာ 6,000mAh ဘက်ထရီ ပါလာမယ်လို့ အတည်ပြုထားပါတယ်။ ပိုစတာမှာ သီချင်း ၁၁၅.၂ နာရီ နားထောင်နိုင်ပြီး Baidu Maps ကို ၁၈ နာရီခွဲကြာ သုံးနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် Tencent ဗီဒီယိုတွေကို ၁၈ နာရီကြာ ကြည့်နိုင်ပြီး Honor of Kings ဂိမ်းကို ၁၃.၇ နာရီကြာ ကစားနိုင်မှာပါ။

iQOO Z6x, iQOO Z6 to launch on August 26 in China: Check details - Ironity

iQOO Z6x ကို တရုတ်က 3C မှာ မှတ်ပုံတင်ထားပြီး 44W Rapid Charging ပါလာမယ်လို့ ဖော်ပြထားပါတယ်။ မကြာခင်က သတင်းအရ 6/128GB , 8/128GB နဲ့ 8/256GB Version ၃ မျိုး ထုတ်လုပ်ထားမယ်လို့ သိရပြီး တခြား Specs တွေကို မသိရသေးပါဘူး။

iQOO Z6x ဟာ တရုတ်မှာ ဇွန်လက ကြေညာခဲ့တဲ့ Vivo T2x ကို နာမည်ပြောင်းထားတာလို့ ပြောနေကြပေမယ့် အတည်မပြုနိုင်သေးပါဘူး။ T2x မှာ ၆.၅၈ လက်မ IPS LCD FHD+ မျက်နှာပြင်နဲ့ 144Hz Refresh Rate ထည့်သွင်းထားပြီး 44W Rapid Charging ပါတဲ့ 6,000mAh ဘက်ထရီ ပါပါတယ်။ Dimensity 1300 Chipset မောင်းနှင်ထားပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ ပါပါတယ်။

အနောက်ဘက်မှာ 50MP Main , 2MP Macro ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 16MP ကင်မရာ ၁ လုံး တပ်ဆင်ထားပြီး Android 12 အခြေပြု OriginOS 2.0 မောင်းနှင်ထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၁,၅၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၆သိန်းခွဲ ၇သိန်း ဝန်းကျင်လောက် ကျသင့်ပါတယ်။

Ref : gizmochina