iQOO Z7i ကို ကြေညာလိုက်ပြီး MediaTek Dimensity 6020 Chipset ပါတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်လာပါတယ်။

MediaTek Dimensity 6020 ကို 7nm Process နဲ့ တည်ဆောက်ထားပြီး နောက်မျိုးဆက် စွမ်းရည်နိမ့် 5G စမတ်ဖုန်းတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Chipset မှာ Octa-core CPU တပ်ဆင်ထားပြီး အရွယ်ကြီး 2.2GHz Cortex-A76 Core ၂ လုံးနဲ့ 2GHz Cortex-A55 Core ၆ လုံး ပါလာကာ GPU က Mali-G57 ဖြစ်ပါတယ်။

iQOO Z7i arrives as the first phone with Dimensity 6020

Chip အသစ်ဟာ LPDDR4X RAM နဲ့ UFS 2.2 Storage ကို ထောက်ပံ့ပြီး Chip ရဲ့ ISP က 64MP ကင်မရာအထိ ထောက်ပံ့ပါတယ်။ 120Hz Refresh Rate အထိ ပါတဲ့ Full HD+ မျက်နှာပြင်တွေနဲ့ အလုပ်လုပ်နိုင်ပါတယ်။

iQOO Z7i မှာ 6.51 Inch LCD 720p မျက်နှာပြင် တပ်ဆင်ထားပြီး 128GB Storage ပါတဲ့အပြင် microSD Card စိုက်နိုင်ပါတယ်။ RAM က 4GB, 6GB နဲ့ 8GB တို့ ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 13MP f/2.2 Main နဲ့ 2MP f/2.4 Macro ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 5MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။

iQOO Z7i Launched as the World's First Dimensity 6020 Phone - Gizmochina

Android 13 အခြေပြု OriginOS Ocean မောင်းနှင်ထားပြီး 15W Charging Speed ပါတဲ့ 5,000mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။

iQOO Z7i အတွက် Moon Shadow Black နဲ့ Ice Lake Blue ၂ ရောင် ထုတ်လုပ်ထားပါတယ်။ 4/128GB ကို ၁၃၇ ဒေါ်လာ၊ 6/128GB ကို ၁၄၅ ဒေါ်လာနဲ့ 8/128GB ကို ၁၆၀ ဒေါ်လာ သတ်မှတ်ထားပြီး ကျန်တဲ့ Z7 Series ကို ကြေညာမယ့် မတ်လ ၂၀ ရက်နေ့ ရောင်းမှာပါ။

ref : gsmarena