အီရန်က အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုကို ရှောင်လွှားဖို့ နိုင်ငံတကာ ကုန်သွယ်ရေးမှာ ပထမဆုံး အကြိမ် အနေနဲ့ Cryptocurrency ကို အသုံးပြုခဲ့တယ်လို့ ကြေညာလိုက်ပါတယ်။

အီရန်ရဲ့ စက်ရုံ၊ သတ္တုတွင်းနဲ့ ကုန်သွယ်ရေး ဒုတိယဝန်ကြီး နဲ့ Trade Promotion Organization ရဲ့ ဥက္ကဌ Alirana Peyman-Pak အီရန်ဟာ Cryptocurrency ကို အသုံးပြုပြီး ပထမဆုံး အနေနဲ့ နိုင်ငံတကာကနေ ကုန်ပစ္စည်းသွင်းယူနိုင်ခဲ့တယ်လို့ တွစ်တာကနေ အသိပေးလိုက်ပါတယ်။ သူက “ ဒေါ်လာ ၁၀ သန်းတန်တဲ့ Cryptocurrency နဲ့ နိုင်ငံခြားက သွင်းကုန်ကို တင်သွင်းနိုင်ခဲ့ပါတယ်။ စက်တင်ဘာလကုန်မှာ Cryptocurrency နဲ့ Smart Contract ဟာ အီရန်ရဲ့ နိုင်ငံခြား ကုန်သွယ်မှုအတွက် ပုံမှန် အသုံးပြုတဲ့ အရာတွေ ဖြစ်လာမှာပါ။ “ လို့ ရေးသားထားပါတယ်။

Digital Economy Focus: What Is Cryptocurrency, How It's Booming In Indian Market And Globe - Latest News In English | Aan World

အမေရိကန်ဟာ နူကလီးယား စီမံကိန်းနဲ့ အကြမ်းဖက်တွေကို ကူညီထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အီရန်ကို ၁၉၇၉ ခုနှစ်က စတင်ကာ စီးပွားရေး ပိတ်ဆို့ခဲ့ပါတယ်။ အဲဒီ အချိန်ကစပြီး အီရန်ဟာ တခြား နိုင်ငံတွေနဲ့ ကုန်သွယ်ဖို့အတွက် ဒေါ်လာ ကြီးစိုးနေတဲ့ ကမ္ဘာ့ စီးပွားရေး စနစ်ကို အသုံးပြုလို့ မရခဲ့ပါဘူး။

အခုတော့ အီရန်က အမေရိကန် ထိန်းချုပ်ထားတဲ့ နိုင်ငံတကာ ငွေပေးချေစနစ်ကို ရှောင်လွှားကာ ထိန်းချုပ်လို့ မရတဲ့ Cryptocurrency စနစ်ကို ပြောင်းလဲ အသုံးပြုလာပါတယ်။ အီရန်က သွင်းယူထားတဲ့ ကုန်ပစ္စည်း၊ ရောင်းချတဲ့ နိုင်ငံနဲ့ သုံးစွဲတဲ့ Cryptocurrency အပါအဝင် အခု ကုန်သွယ်မှုရဲ့ အသေးစိတ် သတင်းအချက်အလက်တွေကို မပြောပါဘူး။

Ref : cryptobriefing