အီရန် တော်လှန်ရေးအစောင့်တပ် (IRGC) ဟာ Abu Dhabi မှာရှိတဲ့ OpenAI ရဲ့ ဒေါ်လာ ၃၀ ဘီလီယံတန် Stargate AI ဒေတာစင်တာကို “အပြီးသတ် ချေမှုန်းဖျက်ဆီးပစ်မယ်” လို့ ဗီဒီယိုဖိုင်တစ်ခုကနေတစ်ဆင့် ခြိမ်းခြောက်လိုက်ပါတယ်။ အဲဒီဗီဒီယိုထဲမှာ အဆိုပါစက်ရုံ တည်ရှိတဲ့နေရာကို ဂြိုဟ်တုဓာတ်ပုံတွေနဲ့ အတိအကျ ဖော်ပြထားပါတယ်။

OpenAI secures up to $110bn in record funding deal

IRGC ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် Ebrahim Zolfaghari က အမေရိကန်ဘက်က အီရန်ရဲ့ လျှပ်စစ်ဓာတ်အား အခြေခံအဆောက်အအုံတွေကို တစ်စုံတစ်ရာ ထိခိုက်အောင်လုပ်မယ်ဆိုရင် အမေရိကန်နဲ့ အစ္စရေးပိုင် စက်ရုံတွေကို ပြန်လည်လက်တုံ့ပြန်သွားမယ်လို့ သတိပေးထားပါတယ်။

OpenAI: Everything You Need to Know About the Company That Started a  Generative AI Revolution - CNET

အဲဒီဗီဒီယိုထဲမှာ Google Maps ကို အသုံးပြုပြီး Abu Dhabi က “အလွတ်” ဖြစ်နေတဲ့ သဲကန္တာရနေရာတစ်ခုကို ချဲ့ကြည့်ပြထားပြီး အဲဒီနောက်မှာတော့ ညကြည့်မှန်ပြောင်းသုံး ဓာတ်ပုံတွေကို ပြောင်းလဲပြသခဲ့ပါတယ်။ အဲဒီအခါမှာတော့ Google က ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ဒေတာစင်တာရဲ့ အသွင်အပြင် အပြည့်အစုံ ပေါ်လာပြီး “Google က ဖုံးထားပေမဲ့ ငါတို့မျက်စိအောက်က ဘာမှလွတ်မသွားဘူး” ဆိုတဲ့ စာတန်းကိုလည်း ဖော်ပြထားပါတယ်။

အီရန်ဟာ Amazon AWS ဒေတာစင်တာတွေကို တိုက်ခိုက်ပြီး ပိတ်ပစ်ရအောင် လုပ်ဆောင်ခဲ့ဖူးသလို တခြား အမေရိကန် နည်းပညာကုမ္ပဏီ ၁၈ ခုကိုလည်း တိုက်ခိုက်ဖို့ ခြိမ်းခြောက်ထားပါတယ်။

Ref : Fossbytes