၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်မှာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေ စတင်ခဲ့ပြီးနောက် အီရန်နိုင်ငံတစ်ဝန်း အင်တာနက် ဖြတ်တောက်ခံထားရတာဟာ အခုဆိုရင် ၃၈ ရက်ကျော်သွားပြီ ဖြစ်ပါတယ်။ ဒါဟာ အာရပ်နွေဦး (Arab Spring) လှုပ်ရှားမှုနောက်ပိုင်း ကမ္ဘာပေါ်မှာ အချိန်အကြာဆုံး အင်တာနက် အမှောင်ကျမှု ဖြစ်လာပါတယ်။

Iran's internet blackout is longest national shutdown since Arab spring |  Iran | The Guardian

ဇန်နဝါရီလ ဆန္ဒပြပွဲတွေအတွင်းမှာ အီရန်အာဏာပိုင်တွေက အင်တာနက်ကို စတင်ကန့်သတ်ခဲ့တာဖြစ်ပြီး စစ်ပွဲအရှိန်မြင့်လာတဲ့အခါမှာတော့ တစ်နိုင်ငံလုံးကို လုံးဝဖြတ်တောက်လိုက်တာပါ။ အခုအခါမှာတော့ ပြည်သူအများစုဟာ ပြင်ပကမ္ဘာနဲ့ ချိတ်ဆက်ထားတဲ့ အင်တာနက်ကို သုံးခွင့်မရတော့ဘဲ အစိုးရက ထိန်းချုပ်ထားတဲ့ ပြည်တွင်းကွန်ရက် (National Information Network) ကိုပဲ သုံးစွဲခွင့်ရတော့ပါတယ်။

Iran internet blackout is longest nationwide shutdown on record: Netblocks

အဲဒီပြည်တွင်းကွန်ရက်ပေါ်မှာလည်း ပြင်းထန်တဲ့ ကန့်သတ်ပိတ်ပင်မှုတွေ ရှိနေပါတယ်။ ရှာဖွေရေးအင်ဂျင် (Search Engines) တွေမှာ “စစ်ပွဲ” ဒါမှမဟုတ် “အပစ်အခတ်ရပ်စဲရေး” ဆိုတဲ့ စကားလုံးတွေကို ရှာမရအောင် ပိတ်ထားပြီး အစိုးရရဲ့ ဝါဒဖြန့်ချိမှုတွေကိုပဲ ဖော်ပြနေတာပါ။

ကျွမ်းကျင်သူတွေကတော့ အခုလို အင်တာနက်ပိတ်ထားတာဟာ ပြည်သူတွေ သတင်းအချက်အလက် သိရှိမှုကို အဟန့်အတားဖြစ်စေတယ်လို့ ထောက်ပြကြပါတယ်။ လက်ရှိမှာတော့ အင်တာနက်ကို ဘယ်အချိန်မှာ ပြန်ဖွင့်ပေးမလဲဆိုတာ တိကျတဲ့ အချိန်ဇယား မရှိသေးပါဘူး။

Ref : Fossbytes