အသက် ၅၀ အရွယ် အမေရိကန်အမျိုးသမီး အင်ဂျလာလစ်ပ်ဟာ AI နည်းပညာရဲ့ မှားယွင်းဖော်ထုတ်မှုကြောင့် ဘဏ်လိမ်လည်မှုနဲ့ စွပ်စွဲခံရပြီး ထောင်ထဲမှာ ၆ လနီးပါး မတရားဖမ်းဆီးခံခဲ့ရပါတယ်။ သူမဟာ မြောက်ဒါကိုတာပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီရာဇဝတ်မှုနဲ့ ဘာမှမပတ်သက်သလို အဲဒီနေရာကို တစ်ခါမှလည်း မရောက်ဖူးသူ ဖြစ်ပါတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့က AI ရဲ့ ဆုံးဖြတ်ချက်ကိုပဲ အခြေခံပြီး သူမကို နေအိမ်မှာ လာရောက်ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

Angela Lipps, 50, was first arrested in Tennessee on July 14, according to a statement from the Fargo Police Department and a verified GoFundMe page.

စုံစမ်းစစ်ဆေးသူတွေဟာ လုံခြုံရေးကင်မရာမှတ်တမ်းတွေကို AI မျက်နှာဖော်ထုတ်တဲ့ ဆော့ဖ်ဝဲလ်နဲ့ စစ်ဆေးခဲ့ရာမှာ အင်ဂျလာရဲ့ ရုပ်သွင်ပြင်၊ ကိုယ်ခန္ဓာတည်ဆောက်ပုံနဲ့ ဆံပင်ပုံစံတွေဟာ သံသယရှိသူနဲ့ တူညီနေတယ်လို့ AI က အဖြေထုတ်ပေးခဲ့ပါတယ်။ အဲဒီအချက်ကိုပဲ အဓိကထားပြီး သူမကို အဝေးရောက်ဝရမ်းနဲ့ ဖမ်းဆီးခဲ့တာဖြစ်ပြီး ရှေ့နေဖြစ်သူကတော့ မျက်နှာဖော်ထုတ်တဲ့စနစ်တစ်ခုတည်းကိုပဲ အားကိုးတာဟာ မှားယွင်းကြောင်း ဝေဖန်ခဲ့ပါတယ်။

The innocent

အင်ဂျလာဟာ တန်နက်ဆီပြည်နယ်နဲ့ မြောက်ဒါကိုတာပြည်နယ်က ထောင်တွေမှာ နေခဲ့ရပြီးနောက်ပိုင်းမှာတော့ သူမရဲ့ရှေ့နေက အခင်းဖြစ်ချိန်မှာ သူမဟာ ကီလိုမီတာ ၁,၆၀၀ ကျော်ဝေးတဲ့နေရာမှာ ရှိနေကြောင်း ဘဏ်အထောက်အထားတွေနဲ့ သက်သေပြနိုင်ခဲ့ပါတယ်။ ဒါကြောင့် ခရစ္စမတ်အကြိုနေ့မှာ သူမကို ပြန်လွှတ်ပေးခဲ့ပေမဲ့ တာဝန်ရှိသူတွေဘက်က တောင်းပန်တာမျိုး လုံးဝမရှိခဲ့ပါဘူး။

ဒီမှားယွင်းမှုကြောင့် အင်ဂျလာဟာ အိမ်နဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ဆုံးရှုံးခဲ့ရတဲ့အပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်း အများကြီး ကြုံခဲ့ရပါတယ်။ လက်ရှိမှာတော့ သူမရဲ့ရှေ့နေက လူ့အခွင့်အရေးဆိုင်ရာ တရားစွဲဆိုဖို့ ပြင်ဆင်နေပြီး အင်ဂျလာကတော့ ဒီဆိုးရွားတဲ့ အိပ်မက်ဆိုးကြီး ပြီးဆုံးသွားတာကိုပဲ ဝမ်းသာနေပါတယ်။

Ref : Khaosod