Itel က အိန္ဒိယမှာ တန်ဖိုးနည်း A05s ကို ကြေညာလိုက်ပါတယ်။ 4/64GB Version ကို ၆,၀၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၂ သိန်းခွဲ ကျော်ကျော်ပဲ ရှိပါတယ်။ Nebula Black, Meadow Green, Crystal Blue, နဲ့ Glorious Orange အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Itel A05s မှာ 6.6” HD+ မျက်နှာပြင် တပ်ဆင်ထားပြီး တစ်လက်မကို Pixel သိပ်သည်းဆက 270ppi ဖြစ်ပါတယ်။ 60Hz Refresh Rate ကတော့ အားနည်းပေမယ့် 120Hz Touch Sampling Rate ကတော့ ကောင်းမွန်ပါတယ်။ အရွယ်သေး Notch မှာ 5MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 5MP ကင်မရာ ၁ လုံးထဲပဲ ပါလာပြီး LED Flash ၁ လုံးနဲ့ တွဲဖက်ထားပါတယ်။

A05s - itel

Octa-core Unisoc SC9863A Processor မောင်းနှင်ထားပြီး 4GB RAM နဲ့ 64GB Storage ထည့်သွင်းထားကာ microSD Card စိုက်နိုင်ပါတယ်။ တန်ဖိုးနည်း ဖုန်းတွေအတွက် ပေါ့ပါးသွက်လက်တဲ့ Android 13 Go မောင်းနှင်ထားပါတယ်။

4,000mAh Battery ပါလာပြီး ကုမ္ပဏီက ၇ နာရီခွဲကြာ ဖုန်းပြောနိုင်ပြီး Standby သုံးရင် ၃၂ ရက်ခံတယ်လို့ ပြောပါတယ်။ အားသွင်းဖို့ USB-C Port တပ်ဆင်ထားပါတယ်။ လက်ဗွေရာ ကိရိယာတပ်ဆင်ထားပြီး Dual SIM Card Slot , 4G Calling (VoLTE), WiFi, Bluetooth , GPS နဲ့ နားကြပ်ပေါက်တွေ ပါပါတယ်။

Ref: gizmochina