Itel က P40+ နဲ့ A60s ကို ကြေညာလိုက်ပါတယ်။ Itel P40+ မှာ အရွယ်ကြီး 7,000mAh Battery ပါလာပြီး ၈,၀၉၉ ရူပီး (၉၉ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ A60s ဟာ တန်ဖိုးနည်း A60 ရဲ့ မျိုးဆက် ဖြစ်ပြီး ၆,၂၉၉ ရူပီး (၇၇ ဒေါ်လာ) သတ်မှတ်ထားပါတယ်။

Itel P40+

Itel P40+ မှာ 6.8” IPS LCD HD+ မျက်နှာပြင်နဲ့ 90Hz Refresh Rate ထည့်သွင်းထားပါတယ်။ Unisoc T606 Chipset မောင်းနှင်ထားပြီး 4GB RAM , 128GB Storage ပါသလို microSD Card စိုက်နိုင်ပါတယ်။ အနောက်ဘက်မှာ 13MP Main နဲ့ အရှေ့ဘက်မှာ 8MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ Android 12 OS မောင်းနှင်ထားပြီး 7,000mAh Battery က ၁၈ ရက်အထိ အသုံးခံပါတယ်။ USB-C ကနေ 18W Speed နဲ့ အားသွင်းနိုင်ပါတယ်။

itel P40+itel P40+

Itel P40+ အတွက် Force Black နဲ့ Ice Cyan အရောင် ထုတ်လုပ်ထားပြီး ဇူလိုင် ၁၁ ရက်နေ့ Amazon India ကနေ ရောင်းမှာပါ။

Itel A60s

Itel A60s မှာ 6.6” HD+ LCD မျက်နှာပြင် တပ်ဆင်ထားပြီး အရွယ်သေး Notch မှာ 5MP ကင်မရာ ပါပါတယ်။ Unisoc SC9863A1 Chipset မောင်းနှင်ထားပြီး 4GB RAM , 64/128GB Storage ပါပါတယ်။ အနောက်ဘက်မှာ 8MP Main နဲ့ Secondary QVGA ကင်မရာ တပ်ဆင်ထားပါတယ်။ Android 12 OS မောင်းနှင်ထားပြီး 10W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။

itel A60sitel A60s

Itel A60s အတွက် Shadow Black, Glacier Green နဲ့ Moonlit Violet အရောင်တွေ ထုတ်လုပ်ထားပြီး Amazon India ကနေ ဇူလိုင်လ ၁၃ ရက်နေ့ ရောင်းမှာပါ။

Ref : gsmarena