realme 7 နဲ့ 7 Pro ရဲ့ သတင်းတွေ ခပ်စိပ်စိပ် ထွက်နေပေမယ့် ကြေညာမယ့်နေ့ကို မသိရသေးပါဘူး။ အခုတော့ ကုမ္ပဏီက စက်တင်ဘာလ ၃ ရက်နေ့မှာ ကြေညာမယ်လို့ အလင်းပြလိုက်ပါတယ်။ realme ဟာ တရုတ်မှာ စက်တင်ဘာလ ၁ ရက်နေ့ X7 Series တွေကို မိတ်ဆက်ပြီး ၂ ရက်အကြာမှာ 7 Series တွေကို အိန္ဒိယမှာ ချပြတော့မှာပါ။

realme India က မိတ်ဆက်ပွဲကို တရားဝင် YouTube , Facebook နဲ့ Twitter အကောင့်တွေကနေ ဒေသစံတော်ချိန် နေ့လည် ၁၂ နာရီခွဲမှာ တိုက်ရိုက်ပြသမယ်လို့ ကြေညာထားပါတယ်။ realme က 7 Series တွေအတွက်  “Capture Sharper. Charge Faster” Tagline ကို သုံးထားတဲ့အတွက် အကြမ်းစား ကင်မရာနဲ့ အလန်းစား အားသွင်းနည်းပညာတွေ ပါလာမယ်လို့ ကြွားထားတာပါ။ အဲဒီဖုန်းတွေမှာ ဒုတိယမျိုးဆက် 64MP ကင်မရာနဲ့ 65W SuperDart Charging ပါလာမယ်လို့ သတင်းတွေထွက်နေပါတယ်။ ဖုန်း ၂ လုံးစလုံးမှာ 64MP Quad ကင်မရာတွေပါလာနိုင်ပေမယ့် Pro မဟုတ်တဲ့ဗားရှင်းမှာ 65W Charging ပါမှာ မသေချာသေးပါဘူး။

ကုမ္ပဏီက အဲဒီဖုန်း ၂ လုံးရဲ့  Specs အပြည့်အစုံကို မပြောသေးပေမယ့် Punch Hole မျက်နှာပြင်နဲ့ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာတွေ ပါမယ်လို့ အတည်ပြုထားပါတယ်။ ပေါက်ကြားသတင်းတွေအရ ရိုးရိုး 7 မှာပဲ Punch Hole မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 7 Pro မှာ မပါလာနိုင်ပါဘူး။ အပြန်အလှန်အားဖြင့်  7 Pro မှာပဲ မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာပါလာမှာ ဖြစ်ပြီး ရိုးရိုး 7 မှာ မပါလာနိုင်ပါဘူး။

realme India က အဲဒီဖုန်း ၂ လုံးအတွက် Blind Orders တွေကို ဝက်ဘ်ဆိုက်ကနေ လက်ခံနေပါတယ်။ အိန္ဒိယက realme ကို ယုံကြည်တဲ့ Fans စစ်စစ်တွေကတော့ အပြေးအလွှား ဝယ်နေကြမှာ သေချာပါတယ်။

Ref : gsmarena