ဂျပန်က အာကာသရဲ့ ပြင်းထန်တဲ့ ရာသီဥတုကို ရင်ဆိုင်အံတုနိုင်တဲ့ ရာစုနှစ်တစ်ခုကြာ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပေးနိုင်တဲ့ ဘက်ထရီ နည်းပညာကို တီထွင်နေပါတယ်။ အဲဒီ ဘက်ထရီဟာ ပြုပြင်ထိန်းသိမ်းစရာ မလိုဘဲ ကာလရှည်ကြာ အသုံးပြုနိုင်တဲ့အတွက် အာကာသစူးစမ်းလေ့လာရေးမှာ အလွန် အသုံးဝင်လာမှာပါ။
Japan Atomic Energy Agency (JAEA) က Americium လို့ခေါ်တဲ့ ရေဒီယို သတ္တိကြွ ဒြပ်ထုကိုအသုံးပြုပြီးအဲဒီလိုမျိုး ဘက်ထရီကို တီထွင်ဖို့ မတ်လမှာ Japan Aerospace Exploration Agency (JAXA) နဲ့ သဘောတူညီထားပါတယ်။
အဲဒီ ဘက်ထရီကို လပေါ်မှာ အသုံးပြုဖို့ ပြင်းထန်တဲ့ အပူချိန် ဖြစ်တဲ့ နေ့ဘက်မှာ ၁၁၀ ဒီဂရီ နဲ့ ညဘက်မှာ ၁၇၀ ဒီဂရီကို အံတုနိုင်ရမှာ ဖြစ်ပါတယ်။ လပေါ်မှာ နေ့တာ နဲ့ ညတာ ဟာ ၂ ပတ်ကြာမြင့်ပါတယ်။ ဒါ့အပြင် ဘက်ထရီကို အာကာသယာဉ်မှာ တပ်ဆင်နိုင်လောက်အောင် အရွယ်အစား ကျစ်လစ်ပြီး ပေါ့ပါးရမှာ ဖြစ်ပါတယ်။ တုန်ခါမှုနဲ့ ဒုံးပျံ ပေါက်ကွဲမှုကိုလည်း ခံနိုင်ရမှာ ဖြစ်ပါတယ်။
JAEA ရဲ့ သုတေသနပညာရှင် Masahide Takano က “ လက်ရှိမှာ အဲဒီဘက်ထရီကို တီထွင်ဖို့ စိန်ခေါ်မှုတွေ အများကြီးရှိနေသေးပေမယ့် အောင်မြင်မယ်လို့ ယုံကြည်နေပါတယ်။ နှစ်ပေါင်း ၁၀၀ အသုံးပြုနိုင်တဲ့ အရွယ်အစား ကျစ်လစ်တဲ့ ဘက်ထရီကို တီထွင်မှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။
Ref : news.satnews