ဂျပန်နိုင်ငံဟာ ၂၀၂၅ ခုနှစ်မှာ အာကာသထဲကနေ ကမ္ဘာမြေပေါ်ကို ဆိုလာစွမ်းအင် ထုတ်လွှင့်ပေးဖို့အတွက် OHISAMA လို့ခေါ်တဲ့ သရုပ်ပြမစ်ရှင်တစ်ခုကို ပြင်ဆင်နေပါတယ်။ အဲဒီပရောဂျက်ကို Japan Space Systems က ဦးဆောင်ပြီး ဂျပန်သုတေသီတွေက ပံ့ပိုးကူညီထားပါတယ်။

Japan Aims to Beam Solar Power from Space: The OHISAMA Project and the Future of Clean Energy - Japan Daily

အလေးချိန် ၁၈၀ ကီလိုဂရမ် (ပေါင် ၄၀၀ ခန့်) ရှိပြီး ၂ စတုရန်းမီတာရှိတဲ့ ဆိုလာပြား တပ်ဆင်ထားတဲ့ ဂြိုဟ်တုငယ်တစ်စင်းကို ကီလိုမီတာ ၄၀၀ ခန့် အမြင့်မှာရှိတဲ့ ကမ္ဘာပတ်လမ်းကြောင်းနိမ့်တစ်ခုထဲကို လွှတ်တင်သွားမှာ ဖြစ်ပါတယ်။

အဲဒီဂြိုဟ်တုက ရာသီဥတု ဒါမှမဟုတ် တိမ်တွေရဲ့ ကာဆီးမှုမရှိတဲ့ အာကာသထဲမှာ နေရောင်ခြည်ကို စုဆောင်းပြီး လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲကာ နောက်တစ်ဆင့်အနေနဲ့ မိုက်ခရိုဝေ့ဗ်တွေအဖြစ် ထပ်မံပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

Japan Is To Launch Its First Space-Based Solar Power Plant In 2025 – But Is It Effective? - Orbital Today

ဒီမိုက်ခရိုဝေ့ဗ်တွေကနေ (ကော်ဖီဖျော်စက်လို သေးငယ်တဲ့ အိမ်သုံးပစ္စည်းတစ်ခုကို အသုံးပြုနိုင်လောက်တဲ့) ၁ ကီလိုဝပ်ခန့်ရှိတဲ့ စွမ်းအင်ကို Suwa မှာ တည်ဆောက်ဖို့ စီစဉ်ထားတဲ့ antenna တွေလိုမျိုး ဂျပန်နိုင်ငံမှာရှိတဲ့ လက်ခံစက်တွေဆီကို ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။

ဂြိုဟ်တုက တစ်နာရီကို ကီလိုမီတာ ၂၈,၀၀၀ နှုန်းလောက်နဲ့ ရွေ့လျားနေမှာဖြစ်တဲ့အတွက် ရွေ့လျားနေတဲ့ signal ကို ခြေရာခံ ဖမ်းယူနိုင်ဖို့ မြေပြင်က antenna စခန်းတွေကို တစ်ခုနဲ့တစ်ခု ၅ ကီလိုမီတာလောက် ခြားပြီး စုစုပေါင်း ကီလိုမီတာ ၄၀ လောက်အထိ ဖြန့်ကျက်ထားဖို့ လိုအပ်ပါတယ်။

ဒီစမ်းသပ်မှုဟာ အာကာသအခြေစိုက် ဆိုလာစွမ်းအင်အတွက်တော့ အရေးကြီးတဲ့ ခြေလှမ်းတစ်ခု ဖြစ်လာပါတယ်။

Ref: Technology Innovation