အိမ်ခေါင်မိုးမှာ တပ်ဆင်တဲ့ Solar Panel တွေဟာ ဒိတ်အောက်တော့မှာပါ။ ဂျပန် က အာကာသမှာ လျှပ်စစ်ဓါတ်အား ထုတ်လုပ်နေပါပြီ။

ဂျပန်က အာကာသမှာ Solar Power Station တည်ဆောက်ပြီး နေရောင်ခြည် ကနေ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ပြီး ကမ္ဘာကို ပို့ဆောင်မှာ ဖြစ်ပါတယ်။ အဲဒီစီမံကိန်းကို OHISAMA လို့ နာမည်ပေးထားပြီး နေမင်းလို့ အဓိပ္ပါယ်ရပါတယ်။

Japan Is To Launch Its First Space-Based Solar Power Plant In 2025 – But Is  It Effective? - Orbital Today

ဂျပန်ရဲ့ အာကာသယာဉ်ဟာ အရွယ်အစား ကျစ်လစ်သေးငယ်ပြီး အလေးချိန် ပေါင် ၄၀၀ ပဲ ရှိပါတယ်။ အဲဒီ အာကာသယာဉ်မှာ ၂၂ စတုရန်းပေ ရှိတဲ့ Solar Panel တပ်ဆင်ထားပြီး ကမ္ဘာပတ်လမ်းကြောင်းမှာ နေ အလင်းရောင်ကို ရယူမှာ ဖြစ်ပါတယ်။ စွမ်းအင်ကို အာကာသယာဉ်မှာ ပါတဲ့ ဘက်ထရီမှာ သိုလှောင်ထားမှာ ဖြစ်ပါတယ်။

Japan Is To Launch Its First Space-Based Solar Power Plant In 2025 – But Is  It Effective? - Orbital Today

အာကာသမှာ ယာဉ်တွေဟာ အလွန်လျှင်မြန်စွာ သွားလာနေပြီး တစ်နာရီကို ၁၇,၄၀၀ မိုင် အမြန်နှုန်း ရှိတဲ့အတွက် ကမ္ဘာမြေက အန်တင်နာတွေကို ၂၅ မိုင်ကျော် ဖြန့်ကျက်ထားမှာ ဖြစ်ပါတယ်။ အာကာသ ကနေ ကမ္ဘာကို လျှပ်စစ်ဓါတ်အားကို Microwave နဲ့ ပေးပို့မှာ ဖြစ်ပါတယ်။

အရင်ကတော့ ဒီလိုနည်းပညာမျိုးဟာ မဖြစ်နိုင်ဘူးလို့ ထင်ရပေမယ့် အခုတော့ ဂျပန်က အောင်မြင်စွာ တီထွင်နိုင်ပြီ ဖြစ်ပါတယ်။

Ref : supercarblondie