ဂျပန် သိပ္ပံပညာရှင်တွေက ကမ္ဘာ့ ပထမဆုံး သစ်သား ဂြိုလ်တုကို တီထွင်လိုက်ပါတယ်။ အဲဒီ ဂြိုလ်တုရဲ့ အမည်က LignoSat ဖြစ်ပြီး Magnolia သစ်သားနဲ့ တည်ဆောက်ထားတာပါ။ အဲဒီသစ်သားကို နိုင်ငံတကာ အာကာသစခန်း (ISS) မှာ စမ်းသပ်ထားပြီးပြီ ဖြစ်ပြီး မာကျောကာ အက်ကွဲမှုဒဏ်ခံနိုင်ပါတယ်။ အခုတော့ ဒီနွေရာသီမှာ သစ်သား ဂြိုလ်တုကို အမေရိကန် ဒုံးပျံနဲ့ အာကာသသို့ လွှတ်တင်တော့မှာပါ။

Japan to launch world's first wooden satellite next year; Here's why it matters - Tech

သစ်သားဂြိုလ်တုကို ကျိုတို တက္ကသိုလ်မှ သုတေသနပညာရှင်တွေနဲ့ Sumitomo Forestry သစ်ကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက်ထားတာပါ။ ဂြိုလ်တုတွေကို တည်ဆောက်ရာမှာ အသုံးပြုတဲ့ သတ္တု အစား ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်တဲ့ သစ်သားလို ဒြပ်ထုတွေနဲ့ ဂြိုလ်တု တည်ဆောက်နိုင်မယ်ဆိုရင် သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှုကို လျှော့ချနိုင်မှာပါ။

Japanese scientists want to send a wooden satellite into space | CNN

ဂျပန် အာကာသယာဉ်မှူးနဲ့ အာကာသ အင်ဂျင်နီယာဖြစ်သူ Takao Doi က “ ဂြိုလ်တု အားလုံးဟာ ကမ္ဘာမြေရဲ့ လေထုထဲ ပြန်လည် ဝင်ရောက်လာတဲ့အခါ မီးလောင်ပျက်ဆီးပြီး အလူမီနာ အမှုန်လေးတွေ ဖြစ်ပေါ်စေပါတယ်။ အဲဒီအမှုန်လေးတွေဟာ နှစ်များစွာကြာ လေထုထဲမှာ တည်ရှိနေတဲ့အတွက် ကမ္ဘာကြီးရဲ့ သဘာဝပတ်ဝန်းကျင်ကို ပျက်ဆီးစေပါတယ်။ “ လို့ ပြောပတါယ်။

သစ်သား ဂြိုလ်တုလေးဟာ အာကာသမှာ အနည်းဆုံး ၆ လကြာ လှည့်ပတ်နေမှာ ဖြစ်ပြီး အဲဒီနောက်မှာ ကမ္ဘာမြေထံ ပြန်ဆင်းသက်လာမှာပါ။ စမ်းသပ်မှုအောင်မြင်ရင် အနာဂတ်မှာ ဂြိုလ်တုတွေကို သစ်သားနဲ့ တည်ဆောက်နိုင်တော့မှာ ဖြစ်ပါတယ်။

Ref : theguardian