[Unicode]

ဂျပန်က အင်တာနက် အခြေပြု စီးပွားရေး လုပ်ငန်းရှင် Yusaku Maezawa က အာကာသကို အလည်သွားဖို့ ချစ်သူ မိန်းကလေး ရှာနေတဲ့ အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီလို့ ကြေညာလိုက်ပါတယ်။ သူက လကို သွားမယ့် ခရီးစဉ်အတွက် SpaceX ကို စရန်ငွေ ပေးထားပြီးပါပြီ။ အစောပိုင်းမှာ သူက အနုပညာရှင်များစွာကို ခေါ်သွားဖို့ စီစဉ်ခဲ့ပြီး နောက်ပိုင်းမှာတော့ ချစ်သူ မိန်းကလေး ၁ ယောက်ကို ခေါ်သွားမယ်လို့ ပြောခဲ့ပါတယ်။ လ ကမ္ဘာ ခရီးစဉ်ကို “Full Moon Lovers “ လို့ နာမည်ပေးထားတဲ့ AbemaTV Documentary အနေနဲ့ ပြသဖို့လည်း စီစဉ်ထားခဲ့ပါတယ်။

အခုတော့ သူ့ အိပ်မက်တွေ ပျက်ပြယ်သွားခဲ့ပါပြီ။ Maezawa က ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့် တီဗီရှိုးကို ဖျက်လိုက်ပြီလို့ ကြေညာလိုက်ပါတယ်။ သူက “ တီဗီ ရှိုးအတွက် အရမ်းကို စိတ်အားထက်သန်ခဲ့ပေမယ့် စိတ်တွေ ရှုပ်ထွေးသွားခဲ့ပါတယ်။ ချစ်သူ မိန်းကလေး အဖြစ်လာလျှောက်တဲ့ သူတွေနဲ့ AbemaTV က ဝန်ထမ်းတွေ အပါအဝင် လူများစွာကို စိတ်ပျက်စေခဲ့မိပါတယ်။ ကျွန်တော့်ရဲ့ လုပ်ရပ်ကြောင့် အားလုံးကို စိတ်ထဲက လေးလေးနက်နက် တောင်းပန်ပါတယ်။ “ လို့ တွစ်တာမှာ ရေးသားထားပါတယ်။

Maezawa ဟာ အရင်ကလည်း ကြောင်တောင်တောင် အစီအစဉ်တွေကို ပြုလုပ်ခဲ့ဖူးပြီး မအောင်မြင်ခဲ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။ ကိုယ်ခန္တာနဲ့ အံကိုက်ဖြစ်စေမယ့် အဝတ်အစားတွေ မှာယူနိုင်ဖို့အတွက် ကိုယ်ခန္တာ အရွယ်အစားကို တိုင်းတာပေးနိုင်တဲ့ အသားကပ် ဝတ်စုံတွေကို ၂၀၁၇ မှာ သူပိုင်တဲ့ Zozotown ကနေ အခမဲ့ ပေးခဲ့ဖူးပါတယ်။ ၁ နှစ်ကျော်ကြာပြီးတဲ့နောက်မှာ သူက ဒီအစီအစဉ်ဟာ မအောင်မြင်ဘဲ ငွေကြေးများစွာ ဆုံးရှုံးခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ အမေရိကန်နဲ့ ဥရောပက လုပ်ငန်းတွေကို ရပ်နားခဲ့ပါတယ်။ စတော့ရှယ်ယာဈေးတွေ ကျဆင်းခဲ့ပြီး ကုမ္ပဏီကို SoftBank ရဲ့ Yahoo Japan ကို ရောင်းပြီးနောက် စက်တင်ဘာလမှာ ဥက္ကဌ နေရာကို ဆင်းပေးခဲ့ပါတယ်။

Ref : theverge

[Zawgyi]

ဂ်ပန္ ဘီလီယမ္နာက လကို အလည္သြားဖို႔ ခ်စ္သူ မိန္းကေလး မရွာေတာ့ဘူးလို႔ ေျပာ

ဂ်ပန္က အင္တာနက္ အေျချပဳ စီးပြားေရး လုပ္ငန္းရွင္ Yusaku Maezawa က အာကာသကို အလည္သြားဖို႔ ခ်စ္သူ မိန္းကေလး ရွာေနတဲ့ အစီအစဥ္ကို ဖ်က္သိမ္းလိုက္ၿပီလို႔ ေၾကညာလိုက္ပါတယ္။ သူက လကို သြားမယ့္ ခရီးစဥ္အတြက္ SpaceX ကို စရန္ေငြ ေပးထားၿပီးပါၿပီ။ အေစာပိုင္းမွာ သူက အႏုပညာရွင္မ်ားစြာကို ေခၚသြားဖို႔ စီစဥ္ခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ ခ်စ္သူ မိန္းကေလး ၁ ေယာက္ကို ေခၚသြားမယ္လို႔ ေျပာခဲ့ပါတယ္။ လ ကမာၻ ခရီးစဥ္ကို “Full Moon Lovers “ လို႔ နာမည္ေပးထားတဲ့ AbemaTV Documentary အေနနဲ႔ ျပသဖို႔လည္း စီစဥ္ထားခဲ့ပါတယ္။

အခုေတာ့ သူ႔ အိပ္မက္ေတြ ပ်က္ျပယ္သြားခဲ့ပါၿပီ။ Maezawa က ကိုယ္ေရးကိုယ္တာ ကိစၥေၾကာင့္ တီဗီရႈိးကို ဖ်က္လိုက္ၿပီလို႔ ေၾကညာလိုက္ပါတယ္။ သူက “ တီဗီ ရႈိးအတြက္ အရမ္းကို စိတ္အားထက္သန္ခဲ့ေပမယ့္ စိတ္ေတြ ရႈပ္ေထြးသြားခဲ့ပါတယ္။ ခ်စ္သူ မိန္းကေလး အျဖစ္လာေလွ်ာက္တဲ့ သူေတြနဲ႔ AbemaTV က ဝန္ထမ္းေတြ အပါအဝင္ လူမ်ားစြာကို စိတ္ပ်က္ေစခဲ့မိပါတယ္။ ကြၽန္ေတာ့္ရဲ႕ လုပ္ရပ္ေၾကာင့္ အားလုံးကို စိတ္ထဲက ေလးေလးနက္နက္ ေတာင္းပန္ပါတယ္။ “ လို႔ တြစ္တာမွာ ေရးသားထားပါတယ္။

Maezawa ဟာ အရင္ကလည္း ေၾကာင္ေတာင္ေတာင္ အစီအစဥ္ေတြကို ျပဳလုပ္ခဲ့ဖူးၿပီး မေအာင္ျမင္ခဲ့တဲ့ ျဖစ္ရပ္ေတြ ရွိခဲ့ပါတယ္။ ကိုယ္ခႏၲာနဲ႔ အံကိုက္ျဖစ္ေစမယ့္ အဝတ္အစားေတြ မွာယူႏိုင္ဖို႔အတြက္ ကိုယ္ခႏၲာ အ႐ြယ္အစားကို တိုင္းတာေပးႏိုင္တဲ့ အသားကပ္ ဝတ္စုံေတြကို ၂၀၁၇ မွာ သူပိုင္တဲ့ Zozotown ကေန အခမဲ့ ေပးခဲ့ဖူးပါတယ္။ ၁ ႏွစ္ေက်ာ္ၾကာၿပီးတဲ့ေနာက္မွာ သူက ဒီအစီအစဥ္ဟာ မေအာင္ျမင္ဘဲ ေငြေၾကးမ်ားစြာ ဆုံးရႈံးခဲ့တယ္လို႔ ေၾကညာခဲ့ပါတယ္။ အေမရိကန္နဲ႔ ဥေရာပက လုပ္ငန္းေတြကို ရပ္နားခဲ့ပါတယ္။ စေတာ့ရွယ္ယာေဈးေတြ က်ဆင္းခဲ့ၿပီး ကုမၸဏီကို SoftBank ရဲ႕ Yahoo Japan ကို ေရာင္းၿပီးေနာက္ စက္တင္ဘာလမွာ ဥကၠဌ ေနရာကို ဆင္းေပးခဲ့ပါတယ္။

Ref : theverge