ဂျပန်နိုင်ငံရဲ့ ရှင်ကန်ဆန်ကျည်ဆန်ရထားဟာ ၁၉၆၄ ခုနှစ်ကတည်းက ခရီးသည်ပေါင်း သန်းတစ်သောင်းကျော် (၁၀ ဘီလီယံကျော်)ကို ပို့ဆောင်ပေးခဲ့ပြီး ရထားတိုက်မှု ဒါမှမဟုတ် ရထားလမ်းချော်မှုကြောင့် ခရီးသည် တစ်ယောက်မှ မသေဆုံးအောင် စွမ်းဆောင်ထားနိုင်ပါတယ်။
တစ်နာရီကို မိုင် ၂၀၀ အထိ အမြန်နှုန်းနဲ့ မောင်းနှင်ပြီး မကြာခဏဖြစ်တတ်တဲ့ ငလျင်နဲ့ တိုင်ဖွန်းမုန်တိုင်းတွေ ရှိနေပေမယ့်တောင် သူ့ရဲ့ ပျမ်းမျှနောက်ကျချိန်က ၁.၆ မိနစ်ပဲ ရှိပါတယ်။ တိုကိုင်ဒိုရထားလိုင်းတစ်ခုတည်းကပဲ နေ့စဉ်ခရီးသည် ငါးသိန်းနီးပါးကို ဝန်ဆောင်မှုပေးနေပြီး ရထားတွေကလည်း မိနစ်အနည်းငယ်ခြားတစ်ခါ ထွက်ခွာပါတယ်။
ဒီလိုဘေးကင်းလုံခြုံမှုရှိဖို့ နည်းပညာတွေကို အသုံးပြုထားပါတယ်။ သီးသန့်ရထားလမ်းတွေ၊ အလိုအလျောက်ထိန်းချုပ်မှုစနစ်တွေ၊ ငလျင်ကြိုတင်သိနိုင်တဲ့စနစ်၊ တင်းကျပ်တဲ့ ပြုပြင်ထိန်းသိမ်းမှုတွေနဲ့ စည်းကမ်းကြီးတဲ့ ဝန်ထမ်းတွေကို အသုံးပြုထားပါတယ်။
တခြားနိုင်ငံတွေမှာ ပိုမြန်တဲ့ရထားတွေ ရှိကောင်းရှိနိုင်ပေမယ့် ဂျပန်နိုင်ငံရဲ့ အမြန်နှုန်း၊ ဘေးကင်းလုံခြုံမှု၊ အချိန်တိကျမှုနဲ့ ဝန်ဆောင်မှုပေးနိုင်တဲ့ပမာဏတို့ ပေါင်းစပ်ထားတဲ့ အဆင့်အတန်းကိုတော့ ဘယ်သူမှ လိုက်မမီနိုင်သေးပါဘူး။
Ref : Technology Innovation