ဂျပန်က ဆေးပညာ သမိုင်းမှာ ထူးခြားပြောင်မြောက်တဲ့ တီထွင်ဖန်တီးမှုကြီးကိုပြုလုပ်လိုက်ပါတယ်။ အဲဒါကတော့ သွေးအတုကို ဖန်တီးလိုက်တာ ဖြစ်ပါတယ်။

13+ Thousand Blood Collection Tubes Royalty-Free Images, Stock Photos & Pictures | Shutterstock

သုတေသနပညာရှင်တွေက တိုကျို ဓါတ်ခွဲခန်းကနေ သွေးအမျိုးအစား အားလုံးအတွက် သုံးနိုင်တဲ့ သွေးအတုကို ဖန်တီးလိုက်ပါတယ်။ အဲဒီ သွေးအတုကို ၁ နှစ်ကျော်အထိ အေးခဲထားစရာ မလိုပါဘူး။ အရေးပေါ် သွေးလိုအပ်တဲ့ လူတွေ၊ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေနဲ့ စစ်ပွဲတွေမှာ သွေးအတုဟာ အလွန် အသုံးဝင်လာမှာ ဖြစ်ပါတယ်။

ဂျပန် အမျိုးသား ကာကွယ်ရေး ဆေးပညာ ကောလိပ်က သွေးနီဥ ဆဲလ် အတုတွေပါဝင်တဲ့ သွေးအတုကို ဖန်တီးလိုက်တာ ဖြစ်ပါတယ်။ တိရိစ္ဆာန်တွေနဲ့ စမ်းသပ်ကြည့်တဲ့အခါမှာ သွေးအတုဟာ အောက်ဆီဂျင် Level ကို ထောက်ပံ့ပေးနိုင်ပြီး သွေးထွက်တာကို ထိန်းချုပ်ပေးနိုင်ပါတယ်။ အသက်သေဆုံး နိုင်တဲ့ အရေးပေါ် အခြေအနေတွေမှာ သွေးအတုကို အသုံးပြုနိုင်ပါတယ်။

3,500+ Blood Test Vials Stock Photos, Pictures & Royalty-Free Images - iStock | Blood cells, Dial, Blood centrifuge machine

သွေးလိုအပ်တဲ့ လူနာတွေအတွက် ပုံမှန် နည်းလမ်းက တခြားလူတွေ လှူဒါန်းထားတဲ့ သွေးကို သွင်းပေးရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းမှာ သွေးအမျိုးအစား တူညီမှ ရပါတယ်။ ဂျပန်က ဖန်တီးထားတဲ့ သွေးအတုကတော့ သွေးအမျိုးအစားအားလုံးအတွက် အသုံးပြုနိုင်ပါတယ်။

ဂျပန်ရဲ့ တီထွင်မှုဟာ ဆေးပညာလောကရဲ့ အကြီးမားဆုံး စိန်ခေါ်မှုကို မကြာခင်မှာ ဖြေရှင်းပေးနိုင်တော့မှာ ဖြစ်ပြီး လူနာတွေအတွက် သွေးလိုအပ်တဲ့ အခက်အခဲကို ပျောက်ကွယ်သွားစေမှာ ဖြစ်ပါတယ်။

Ref : Mechanical Engineering World