JBL က Portable Speaker ၁ လုံးနဲ့ Party Speaker ၂ လုံးကို ကြေညာလိုက်ပြီး JBL Flip 6, JBL PartyBox 710, နဲ့ JBL PartyBox 110 လို့ နာမည်ပေးထားပါတယ်။

JBL Flip 6 Portable Speaker မှာ Logo Design အသစ်ကို သုံးထားပြီး Woofer ၁ လုံး၊ Tweeter ၁ လုံးနဲ့ Bass သံတွေ နက်ရှိုင်းစေဖို့ Dual Passive Radiators တွေ ထည့်သွင်းထားပါတယ်။ PartyBoost Compatible ဖြစ်ပြီး Bluetooth 5.1 နဲ့ IP67 စံနှုန်းတွေ ထောက်ပံ့ထားပါတယ်။ ၁ ခါ အားအပြည့်သွင်းထားရင် ၁၂ နာရီကြာ သီချင်းနားထောင်နိုင်ပြီး အရောင်တွေအနေနဲ့ Dusty Pink, Grey Stone, River Teal, Fiesta Red, Ocean Blue, Midnight Black, Steel White, Forest Green,  Squad တွေ ရွေးချယ်နိုင်ပါတယ်။

JBL PartyBox 710 Speaker မှာ အကြမ်းခံတဲ့ ဘီးတွေ တပ်ဆင်ထားပြီး လက်ကိုင်ပါတဲ့အတွက် နေရာမရွေးသယ်ဆောင်ရ လွယ်ကူစေပါတယ်။ 800W RMS Output ထောက်ပံ့ထားပြီး Tweeter ၂ လုံး ထည့်သွင်းထားပါတယ်။ Deep သံ ပိုမြိုင်စေတဲ့ နည်းပညာ ပါလာပြီး RGB Animation ၈ ခု၊ Color Projection Light ၊ Starry Light နဲ့ Club Light တွေ ထောက်ပံ့ထားပါတယ်။ IPX4 စံနှုန်းပါတဲ့အတွက် ရေစက်ရေပေါက်တွေကို ခံနိုင်ပြီး Bluetooth ၊ Guitar နဲ့ Mic Input တွေ ပါပါတယ်။

JBL PartyBox 110 Speaker ဟာ 160W Output ထုတ်လွှင့်ပေးနိုင်ပြီး RGB Animation ၈ ခု ပါပါတယ်။ သီချင်း Beat သံနဲ့ လိုက်ဖက်တဲ့ Light တွေကို ပြသပေးနိုင်ပြီး IPX4 စံနှုန်း ပါပါတယ်။ Bluetooth ၊ Guitar နဲ့ Mic Input တွေ ထောက်ပံ့ထားပြီး ဘက်ထရီ သက်တမ်းက ၁၂ နာရီ ဖြစ်ပါတယ်။

ဈေးနှုန်း

JBL Flip 6 ကို ၁၃၉ ယူရို (၂၇၀,၀၀၀ ကျပ် ဝန်းကျင်)သတ်မှတ်ထားပြီး နိုဝင်ဘာလမှာ ရောင်းမှာပါ။ PartyBox 710 ကို ၇၄၉ ယူရို (၁,၄၀၀,၀၀၀ ဝန်းကျင်)သတ်မှတ်ထားပြီး အောက်တိုဘာလမှာ ရောင်းမှာပါ။ PartyBox 110 ရဲ့ ဈေးနှုန်းက ၃၅၉ ယူရို(၇၀၀,၀၀၀ ဝန်းကျင်) ဖြစ်ပြီး စတင် ရောင်းချပေးနေပါပြီ။

Ref : fonearena