Vivo X60 နဲ့ X60 Pro ကို ၂၀၂၀ မကုန်ခင်မှာ ကြေညာခဲ့ပြီး Exynos 1080 Chipset တွေ ထည့်သွင်းထားပါတယ်။ အဲဒီဖုန်းတွေ မိတ်ဆက်ပွဲမှာ Vivo က ၂၀၂၁ ဇန်နဝါရီလနှောင်းပိုင်းမှာ X60 Pro+ ကို ချပြမယ်လို့ သတင်းပေးခဲ့ပါတယ်။ အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင်မှာ JD အွန်လိုင်းစတိုးက ပွဲဆူအောင် X60 Pro+ ရဲ့ ဓါတ်ပုံတွေကို တင်ပေးလိုက်ပါတယ်။

Image

ပုံမှာ Snapdragon Logo နဲ့ 8 စာလုံး ၁ လုံးကို ပြသထားပြီး ကင်မရာ ၁ လုံးကိုမြင်ရပါတယ်။ နောက် ၁ ခုက သိပ်မရှင်းလင်းဘဲ Lens ၁ လုံးလို့ ထင်ရပါတယ်။ အရင်ထွက်ခဲ့တဲ့ X60 Series မှာ ZEISS ရဲ့ Lens တွေကို သုံးထားပါတယ်။

Image

အရင်ပေါက်ကြားခဲ့တဲ့ ဓါတ်ပုံတွေအရ Pro+ မှာ အနောက်ကင်မရာ ၄ လုံးနဲ့ Periscope ၁ လုံး ထည့်သွင်းထားပါတယ်။ လိမ္မော်နဲ့ အညို ၂ ရောင်တွေ့ရပြီး အခု JD က အဲဒီ အရောင်တွေရဲ့ နာမည်ကို Deep Ocean Blue နဲ့ Classic Orange လို့ ဖော်ပြထားပါတယ်။

Deep Ocean Blue ရဲ့ အနောက်ဘက်ကို သားရေနဲ့ ဖုံးအုပ်ထားပြီး Classic Orange ရဲ့ အနောက်ဘက်ကိုတော့ ဖန်နဲ့ ဖုံးအုပ်ထားပါတယ်။ ၂ ရောင်စလုံးအတွက် 12/256GB နဲ့ 8/128GB Version တွေ ထုတ်လုပ်ထားမှာ ဖြစ်ပြီး ဈေးနှုန်း သတင်း မတက်လာသေးပါဘူး။

JD ရဲ့ စာမျက်နှာမှာ တခြား Teaser တွေလည်း ပြသထားပြီး လျှင်မြန်တဲ့ Chipset ၊ အရည်အသွေး မြင့်မားတဲ့ အသံ၊ OS အသစ် ထည့်သွင်းထားကာ ကင်မရာရဲ့ Low Light စွမ်းရည် လန်းမယ်လို့ သတင်းပေးထားပါတယ်။

Ref : gsmarena