Amazon တည်ထောင်သူ Jeff Bezos ဟာ ၂၀၂၃ ခုနှစ် အစောပိုင်းမှာ ပိုင်ဆိုင်မှု ဒေါ်လာ ၁၀၇ ဘီလီယမ် ရှိခဲ့ရာကနေ ၁ နှစ်အကြာမှာ ဒေါ်လာ ၇၀ ဘီလီယမ် တိုးပွားလာပါတယ်။ တွက်ချက်ကြည့်ရင် သူ့ရဲ့ ဝင်ငွေဟာ ၁ ရက်ကို ၁၉၁,၇၈၀,၈၂၂ ဒေါ်လာ သို့မဟုတ် ၁ နာရီကို ၇,၉၉၀,၈၆၈ ဒေါ်လာ ရှိပါတယ်။ မြန်မာငွေနဲ့ (အနီးစပ်ဆုံး)တွက်ရင် ၁ နာရီကို မြန်မာငွေ သန်း ၂၇,၀၀၀ ကျော် (၂၇ ဘီလီယမ်ကျော်) တောင် ဝင်ငွေရခဲ့တာပါ။

Jeff Bezos says he's giving away his wealth to charity. What does that mean? - Vox

အမေရိကန် သာမာန် အလုပ်သမား ၁ ယောက်ဟာ တစ်ဘဝလုံးမှာ ဒေါ်လာ ၁.၇ သန်းရှာနိုင်ပါတယ်။ Bezos ကတော့ ၁၃ မိနစ်အတွင်း အဲဒီငွေကို ရှာနိုင်ပါတယ်။

This is how much money Jeff Bezos makes every second

Bezos ရဲ့ ကြွယ်ဝချမ်းသာမှုဟာ အဓိက အားဖြင့် သူပိုင်ဆိုင်တဲ့ Amazon စတော့တွေကြောင့် ဖြစ်ပါတယ်။ သူ့ ကုမ္ပဏီဟာ အွန်လိုင်း စတိုး အပြင် Amazon Web Services နဲ့ Digital Streaming တို့လို Cloud Computing နယ်ပယ်တွေကို တိုးချဲ့ခဲ့ပါတယ်။ အဲဒီ တိုးချဲ့မှုတွေကြောင့် Amazon ရဲ့ စတော့ တန်ဖိုးဟာ မြင့်မားလာပြီး Bezos ရဲ့ ကြွယ်ဝချမ်းသာမှုဟာ အလွန်များပြားလာပါတယ်။ ၂၀၂၃ ခုနှစ်မှာ Amazon ရဲ့  အွန်လိုင်း စတိုးဟာ တစ်ကမ္ဘာလုံးမှာ ဒေါ်လာ ၇၄၆.၂၂ ဘီလီယမ်ဖိုး ရောင်းချနိုင်ခဲ့ပြီး အွန်လိုင်း စီးပွားရေး လောကမှာ ထိပ်ဆုံးက ဦးဆောင်နိုင်ခဲ့ပါတယ်။

Bezos ဟာ Amazon အပြင် အာကာသမှာ ဟိုတယ်နဲ့ အပန်းဖြေစခန်းတွေ တည်ဆောက်ဖို့ အာကာသ နည်းပညာ ကုမ္ပဏီ ဖြစ်တဲ့ Blue Origin ကုမ္ပဏီကိုလည်း တည်ထောင်ခဲ့ပါတယ်။ သူဟာ ၂၀၁၃ ခုနှစ်မှာ The Washington Post ကို ဝယ်ယူခဲ့ပြီး တခြား လုပ်ငန်းတွေမှာလည်း ရင်းနှီးမြှပ်နှံခဲ့ပါတယ်။

Ref : Benzinga