Amazon တည်ထောင်သူ Jeff Bezos ဟာ ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်တွေထဲက ၁ ယောက် ဖြစ်ပါတယ်။ သူဟာ ၁၉၉၄ ခုနှစ်မှာ အွန်လိုင်း စာအုပ်ဆိုင် ၁ ခုကို စတင် တည်ထောင်ခဲ့ပြီး အခုတော့ သူ့ ကုမ္ပဏီဟာ ကမ္ဘာ့ တန်ဖိုးအကြီးဆုံး အွန်လိုင်း စတိုး ဖြစ်လာပါတယ်။

Jeff Bezos steps down as Amazon CEO today - but how much power is he really giving up? | Science & Tech News | Sky News

Amazon ရဲ့ ရှယ်ယာ တန်ဖိုး မြင့်မားလာတာကြောင့် Bezos ရဲ့ ကြွယ်ဝချမ်းသာမှုဟာ ပြီးခဲ့တဲ့ ၁၀ စုနှစ်အတွင်း တဟုန်ထိုး မြင့်မားလာပါတယ်။ ကမ္ဘာအဝန်းက လူတွေဟာ အွန်လိုင်းမှာ ဈေးဝယ်တဲ့ အလေ့အထ ပိုမိုများလာတဲ့အတွက် Amazon ရဲ့ ရောင်းအားဟာလည်း တိုးတက်လာပါတယ်။

How Star Trek and Sci-Fi Influenced Jeff Bezos | WIRED

Amazon ရဲ့ ရှယ်ယာ တန်ဖိုးဟာ Bezos ရဲ့ ကြွယ်ဝချမ်းသာမှုနဲ့ တိုက်ရိုက် ပတ်သက်နေပါတယ်။ Bloomberg ရဲ့ ဘီလီယမ်နာ အညွှန်းကိန်းမှာ Bezos ရဲ့ ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာ ၁၅၅ ဘီလီယမ်ရှိပြီး Amazon ဟာ သူ့ရဲ့ အကြီးမားဆုံး ပိုင်ဆိုင်မှု ဖြစ်ပါတယ်။ သူဟာ ကမ္ဘာ့ တတိယ အချမ်းသာဆုံး ဖြစ်နေပါတယ်။

Bloomberg ရဲ့ ဒေတာအရ Bezos ရဲ့ ကြွယ်ဝချမ်းသာမှုဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က ဒေါ်လာ ၂၉.၄ ဘီလီယမ်ရှိပါတယ်။ အဲဒီအတွက် သူ့ရဲ့ ချမ်းသာမှုဟာ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ဒေါ်လာ ၁၂၅.၆ ဘီလီယမ် တိုးလာပါတယ်။ ၁ နှစ်ကို ဒေါ်လာ ၁၂.၅၆ ဘီလီယမ်ဖြစ်ပြီး ၁ ရက်ကို ဒေါ်လာ ၃၄.၄ သန်း ဖြစ်ပါတယ်။ ၁ နာရီကို ဒေါ်လာ ၁.၄၃ သန်း ဖြစ်ပါတယ်။

Ref : Benzinga