SpaceX CEO Elon Musk က အင်္ဂါဂြိုလ်ကို နယ်ချဲ့ဖို့ လူသား ၁ သိန်းကျော်နဲ့ ကုန်တင် တန်ချိန် ၁ သန်းလိုအပ်မယ်လို့ ပြောပါတယ်။ ဘာလို့လဲဆိုတော့ ကမ္ဘာ ကနေ Supply တွေ မပို့နိုင်တော့ရင်တောင် အင်္ဂါဂြိုလ်ပေါ်မှာ လူသားတွေ ဆက်လက်ရှင်သန်နိုင်ဖို့ ဖြစ်ပါတယ်။

Elon Musk says SpaceX will launch its biggest Starship yet by year's end,  but Mars in 2026 is '50/50' | Space

“Starship ဒုံးပျံ ဟာ နောက်နှစ်မှာ ကုန်စည်ပစ္စည်းတွေနဲ့ မကြာခဏ ပျံသန်းနိုင်ပြီဆိုရင် SpaceX က ကမ္ဘာရဲ့ စုစုပေါင်း ကုန်ချိန် ၉၅% ကျော်ကို ပတ်လမ်းထဲ ပို့ဆောင်ပေးနိုင်ဖွယ်ရှိပါတယ်” လို့ Musk က ပြောပါတယ်။

Musk လိုပဲ အာကာသကို နယ်ချဲ့ဖို့ ကြိုးစားနေတဲ့ နောက်ထပ် ပုဂ္ဂိုလ် တစ်ယောက် ရှိပါသေးတယ်။ သူကတော့ အာကာသ ကုမ္ပဏီ Blue Origin ကို ပံ့ပိုးပေးနေတဲ့ ဘီလီယံနာနဲ့ Amazon.com Inc. ကို တည်ထောင်သူ Jeff Bezos ဖြစ်ပါတယ်။ သူကတော့ ဆယ်စုနှစ် နှစ်ခုလောက်အတွင်းမှာ လူသားတွေ အာကာသမှာ နေထိုင်နိုင်မယ်လို့ ပြောပါတယ်။ လူသားမျိုးနွယ်ဟာ လမျက်နှာပြင်ဆီကို စက်ရုပ်တွေ စေလွှတ်မှာဖြစ်တယ်လို့ Jeff Bezos က ပြောပါတယ်။

Jeff Bezos: where the $106bn man belongs on the all-time rich list |  Business | The Guardian

ဒီလအစောပိုင်းက “Italian Tech Week” မှာ ပါဝင်တက်ရောက်ခဲ့ချိန် Bezos က အာကာသမှာ လူသားတွေ နေထိုင်မှုနဲ့ ပတ်သက်ပြီး မေးမြန်းခံရချိန်မှာ သူ့ရဲ့ သဘောထားကို ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ “ကျွန်တော် ယုံကြည်ပါတယ်။ လာမယ့် ဆယ်စုနှစ် နှစ်ခုလောက်အတွင်းမှာ လူ သန်းပေါင်းများစွာ အာကာသမှာ နေထိုင်နေကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ “အဲဒီ” လောက် မြန်မြန်ဆန်ဆန် အရှိန်မြှင့်တင်သွားမှာပါ” လို့ Bezos က ပြောပါတယ်။

Ref : benzinga