အမေဇုန် တည်ထောင်သူ Jeff Bezos ဟာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းများစွာကို တည်ထောင်ထားပြီး ငွေကြေးများစွာ သုံးစွဲတဲ့ လူနေမှုဘဝကြောင့် နာမည်ကြီးပါတယ်။ သူ့ ပိုင်ဆိုင်မှုတွေထဲက အထင်ရှားဆုံး တစ်ခုက ဒေါ်လာ သန်း ၅၀၀ ဝန်းကျင်  တန်ကြေးရှိတဲ့ Koru ဇိမ်ခံ ရွက်လှေ ဖြစ်ပါတယ်။

ရွက်လှေဟာ ၄၁၇ ပေ ရှည်လျားပြီး Oceanco က တည်ဆောက်ပေးထားတာ ဖြစ်ပါတယ်။ ရွက်တိုင် ၃ ခု တပ်ဆင်ထားပြီး ကမ္ဘာမှာ အမြင့်မားဆုံး ဖြစ်ပါတယ်။

Meet Jeff Bezos' fleet and its Lauren Sanchez figurehead

ဒီလို စူပါ ရွက်လှေကို ပိုင်ဆိုင်ရတာဟာ နှစ်စဉ် ကုန်ကျစားရိတ်များစွာ ရှိပါတယ်။ Koru ကို မောင်းနှင်ဖို့နဲ့ ထိန်းသိမ်းပြုပြင်ဖို့ နှစ်စဉ် ဒေါ်လာ ၂၅ သန်း ကုန်ကျပါတယ်။ အဲဒီ စားရိတ်တွေကို အောက်မှာ ဖော်ပြလိုက်ပါတယ်။

JEFF BEZOS' 127m superyacht KORU on sea trails | SuperYacht Times

ဝန်ထမ်းလစာ

ရွက်လှေမှာ ဝန်ထမ်း ၃၆ ယောက်အထိ ခန့်ထားပါတယ်။ အရည်အချင်းမြင့်တဲ့ ဝန်ထမ်းတွေလိုအပ်တဲ့အတွက် လစာပေးရတာလည်း မြင့်မားပါတယ်။ ဝန်ထမ်း လစာ ကုန်ကျစားရိတ်ကိုတော့ အတိအကျ မသိရသေးပါဘူး။

ပြုပြင်ထိန်းသိမ်းစားရိတ်

Koru ရဲ့ ပြုပြင်ထိန်းသိမ်းစားရိတ်ဟာ ဒေါ်လာ သန်း ဆယ်နဲ့ချီ ကုန်ကျပါတယ်။ Luxury Launches ရဲ့ အဆိုအရ ၁ နှစ်ကို ဒေါ်လာ သန်း ၂၀ အထိ ကုန်ကျပါတယ်။

လောင်စာဆီ

လောင်စာဆီအတွက် ၁ နှစ်ကို ဒေါ်လာ ၅၀၀,၀၀၀ အထိ ကုန်ကျပါတယ်။

အာမခံ

အာမခံ စားရိတ်ဟာ ၁ နှစ်ကို ဒေါ်လာ ၅ သန်း ဝန်းကျင် ကျသင့်ပါတယ်။

Docking Fees

အချက်အချာနေရာတွေမှာ Docking Fees ဟာ ၁ ညကို ဒေါ်လာ ၅,၀၀၀ ဝန်းကျင်ရှိပြီး နှစ်စဉ် ဒေါ်လာ သန်းဂဏန်း ရှိပါတယ်။

Facility

လျှပ်စစ်နဲ့ ဖျော်ဖြေရေး စနစ် အပါအဝင် Facility အတွက် ကုန်ကျစားရိတ်ဟာ ၁ နှစ်ကို ဒေါ်လာ ၁ သန်းနဲ့ ၃ သန်းကြား ရှိပါတယ်။

လုံခြုံရေး

တန်ဖိုးကြီး ရွက်လှေရဲ့ လုံခြုံရေး ကုန်ကျစားရိတ်ကလည်း မသေးပါဘူး။ ၁ နှစ်ကို ဒေါ်လာ သန်းနဲ့ချီ ကုန်ကျပါတယ်။

တန်ဖိုးကြီး ပြင်ဆင်မှု

ရွက်လှေရဲ့ အတွင်းပိုင်း တန်ဖိုးကြီး ပြင်ဆင်မှုအတွက် နှစ်စဉ် ဒေါ်လာ ၂ သန်းနဲ့ ၅ သန်းကြား ကုန်ကျပါတယ်။

၂၀၂၃ ခုနှစ် အစောပိုင်းမှာ ဂျက်ဘီဇော ရဲ့ ကြွယ်ဝချမ်းသာမှုဟာ ဒေါ်လာ ၁၀၇ ဘီလီယမ် ရှိပါတယ်။ ၂၀၂၄ ခုနှစ် အစောပိုင်းမှာ ဒေါ်လာ ၁၇၇ ဘီလီယမ် ဖြစ်လာပြီး ဒေါ်လာ ၇၀ ဘီလီယမ် တိုးပွားလာပါတယ်။

ဒါဟာ နေ့စဉ် ဒေါ်လာ ၁၉၁.၈ သန်း သို့မဟုတ် ၁ နာရီကို ဒေါ်လာ ၈ သန်း ဝန်းကျင် မြင့်မားလာတာပါ။ ဘီဇော ဟာ အမေရိကန် အလုပ်သမား ၁ ယောက် တစ်သက်လုံးရှာမှရတဲ့ ဒေါ်လာ ၁.၇ သန်းကို ၁၂.၇၆ မိနစ်အတွင်း ရှာနိုင်ပါတယ်။

Ref: Benzinga