Huawei ဟာ ပြီးခဲ့တဲ့ ရက်သတ္တပါတ်ပိုင်းတုန်းက တရုတ်နိုင်ငံအတွင်း HarmonyOS ကို အသုံးပြုနေတဲ့ Devices တွေမှာ Android App ကို ထောက်ပံ့ပေးနေမှုကို လာမယ့် ၂၀၂၄ ခုနှစ်မှာ ရပ်ဆိုင်းတော့မယ်ဆိုပြီး ကြေညာခဲ့ပါတယ်။

ဒါကြောင့် HarmonyOS မှာ App အနေနဲ့ အသုံးပြုချင်တယ်ဆိုရင် Huawei ရဲ့ HarmonyOS အတွက် သီးသန့် App တွေကို Develop ပြုလုပ်ဖို့လိုအပ်မှာဖြစ်ပါတယ်။

အခုလို Huawei ဘက်ကနေ ကြေညာချက်ထုတ်ပြန်အပြီးမှာ တရုတ်နိုင်ငံအတွင်းမှာ HarmonyOS အတွက် Native App ကို တည်ဆောက်နိုင်တဲ့ App Developer အလုပ်အကိုင်ခေါ်ယူမှုတွေ မြင့်မားနေပြီလို့ သိရပါတယ်။

အဆိုပါ သတင်းကို နာမည်ကြီး Media တစ်ခုဖြစ်တဲ့ ITHome ကနေ ဖော်ပြခဲ့တာဖြစ်ပြီး အလုပ်ခေါ်ယူမှုတွေမှာ Huawei Mate 60 Pro လိုမျိုး HarmonyOS သုံးထားတဲ့စမတ်ဖုန်းတွေအတွက် Native App တစ်ခု Develop ပြုလုပ်နိုင်ဖို့က လိုအပ်ချက်တစ်ခုဖြစ်လာတယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပါတ်အတွင်းမှာတင် တရုတ်နာမည်ကြီး နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Baidu ၊ WPS နဲ့ Flight Manager ကုမ္ပဏီတွေက HarmonyOS နဲ့သက်ဆိုင်တဲ့ Mobile Application တွေ ရေးဆွဲနိုင်တဲ့ Software Developer တွေကို သီးသန့်အလုပ်ခေါ်ယူမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ကုမ္ပဏီတွေထဲမှာ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး Search Engine ဖြစ်တဲ့ Baidu က “Harmony OS App R&D Enginner” ဆိုတဲ့ ခေါင်းစဥ်အောက်မှာ Search Engine Product R&D ဌာနမှာပါ အလုပ်ခေါ်ယူနေတာဖြစ်ပါတယ်။

တစ်ခုရှိတာက Huawei ဘက်က HarmonyOS ကို Android App ထောက်ပံ့မှုရပ်ဆိုင်းလိုက်တာက တရုတ်နိုင်ငံတွင်းမှာပဲ အကျုံးဝင်ပြီး Global စျေးကွက်မှာတော့ Android App တွေကို ဆက်လက်ထောက်ပံ့သွားဦးမယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ Huawei က HarmonyOS ကို တရုတ်နိုင်ငံတွင်းကိုပဲ အဓိကဆောင်ရွက်နေတာကြောင့် နောက်ပိုင်း Android App Support ပြုလုပ်တဲ့ သီးသန့် HarmonyOS Version အသစ်ကို Global စျေးကွက်အတွက် မိတ်ဆက်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ။

Ref – Gizmo China