The Verge နဲ့ မကြာခင်က အင်တာဗျူး ၁ ခုမှာ The Matrix Resurrections ရုပ်ရှင်ရဲ့ ကြယ်ပွင့်တွေ ဖြစ်တဲ့ Keanu Reeves နဲ့ Carrie-Anne Moss တို့ကို နောက်ထွက်မယ့် ရုပ်ရှင်အတွက် ဖန်တီးထားတဲ့ NFTs တွေအတွက် သဘောထား အမြင်တွေကို မေးမြန်းခဲ့ပါတယ်။ အဲဒီ NFTs တွေဟာ အရမ်းကို လူကြိုက်များပြီး ရောင်းချတဲ့အချိန်မှာ Website ဟာ ယာယီ Crash ဖြစ်သွားခဲ့ပါသေးတယ်။

Reeves က NFTs တွေကို လွယ်လွယ်ကူကူ ကော်ပီပွားလို့ရတဲ့အတွက် ဟာသ ၁ ခုလို ထင်မြင်ကြောင်း ပြောသွားခဲ့ပါတယ်။ အဲဒီနောက်မှာ သူက NFTs ရောင်းချရတဲ့ ငွေထဲက တချို့ကို သူတို့အတွက် ရနိုင်မလားလို့ Moss ကို နောက်ပြောင်ကာ မေးခဲ့ပါသေးတယ်။

Keanu Reeves and cryptocurrencies: "I have a bit of HODL" - 247newsbulletin

ဒါပေမယ့် Reeves ဟာ Blockchain နည်းပညာအကြောင်း မသိတာတော့ မဟုတ်ပါဘူး။ သူငယ်ချင်း ၁ ယောက် ဝယ်ပေးထားတဲ့ Cryptocurrency တချို့ကို သူပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် သူဟာ Cryptocurrency တွေကို ရောင်းဝယ်ကာ ရင်းနှီးမြှပ်နှံမှု ပြုလုပ်နေတာ မဟုတ်ဘဲ ကိုင်ထားရုံကိုင်ထားတဲ့ သဘော ဖြစ်ပါတယ်။

NFTs အကြောင်း မသိသေးသူတွေအတွက် အနည်းငယ်ရှင်းပြချင်ပါတယ်။ NFTs ဟာ Non-fungible Token ရဲ့ အတိုကောက် ဖြစ်ပြီး ဒစ်ဂျစ်တယ် ပစ္စည်းပိုင်ဆိုင်မှုကို Ethereum Blockchain မှာ မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။ လက်ရှိမှာ Tweets, GIFs နဲ့ ဒစ်ဂျစ်တယ် အနုပညာလက်ရာတွေကို NFTs အဖြစ် ရောင်းချနေကြပါတယ်။

Ref : forbes