Instagram ဟာ Facebook က ပိုင်ဆိုင်တဲ့ Social Media App တစ်ခုဖြစ်ပေမယ့် ဓါတ်ပုံနဲ့ Stories တွေအနေနဲ့ ပိုပြီး လူသုံးများနေတာဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာဆိုရင် Instagram Reels ဆိုပြီး TikTok ပုံစံ Short Video Feature နဲ့ Instagram Shopping လိုမျိုး Feature အသစ်တွေပါ ထည့်သွင်းထားပြီဖြစ်ပါတယ်။

အခုလည်း Instagram အသုံးပြုနေတဲ့သူတွေအတွက် တော်တော်လေးကို အဆင်ပြေလာစေမယ့် Feature Update တစ်ခုကို ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒါကတော့ Post တွေကို ရှာဖွေတဲ့အချိန်မှာ Hashtag (#) တွေကို အသုံးပြုပြီး ရှာဖွေတာမျိုးမဟုတ်ဘဲ Keyword ကို ရိုက်ပြီး ရှာဖွေလို့ရသွားတာပဲဖြစ်ပါတယ်။

လောလောဆယ်မှာတော့ English ဘာသာစကားကိုပဲ သိရှိနိုင်ဦးမှာဖြစ်ပြီး US ၊ UK ၊ Ireland ၊ Canada နဲ့ နိုင်ငံ ၆ နိုင်ငံမှာ အရင်စမ်းသပ်နေပြီလို့ သိရပါတယ်။ ဒီလိုမျိုး Keyword နဲ့ ရှာဖွေလို့ရတဲ့အတွက် ဥပမာ “#healthyrecipes” လိုမျိုး ရိုက်ရှာနေမယ့်အစား ပုံမှန် “Healthy Recipes” ဆိုပြီး ရိုက်ရှာလိုက်ဖို့ပဲ လိုအပ်တော့မှာပါ။

အခုလိုမျိုး Keyword Search ဟာ တခြားသော Social Media တွေဖြစ်တဲ့ Facebook နဲ့ Twitter လိုမျိုးမှာ အသုံးပြုနိုင်တာအချိန်ကြာမြင့်နေပြီဖြစ်ပေမယ့် Instagram မှာတော့ ယခင်တုန်းက Hashtag နဲ့ပဲရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီလိုမျိုး Instagram မှာ Keyword Search ကို ရရှိလာတာက အသုံးပြုသူတွေကို Hashtag တွေ အသုံးပြုမှုလျော့နည်းသွားစေမလားဆိုတာကလည်း ဆက်လက်စောင့်ကြည့်ရမှာပါ။

Instagram ရဲ့ ပြောကြားချက်အရတော့ Keyword Search ကို အခုမှစတင်စမ်းသပ်တာဖြစ်တဲ့အတွက် Relevant ဖြစ်တဲ့ Post တွေရှာဖွေတဲ့နေရာနဲ့ တချို့သော Keyword တွေကို မှန်ကန်စွာပြသပေးနိုင်ဖို့ အချိန်တစ်ခုလိုအပ်ဦးမယ်လို့ သိရပါတယ်။

Ref – The Verge