Reality TV Star Kim Kardashian နဲ့ ကမ္ဘာ့ ထိပ်တန်း လက်ဝှေ့ အကျော်အမော် Floyd Mayweather Jr တို့ဟာ ရင်းနှီးမြှပ်နှံသူတွေကို အထင်အမြင်မှားအောင် Cryptocurrency Token တွေကို လိမ်လည် ကြော်ငြာပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲခံလိုက်ရပါတယ်။ လော့စ်အင်ဂျလိစ် တရားရုံးမှာ အဲဒီအမှုကို ဒီလ ၇ ရက်နေ့မှာ ဖွင့်ခဲ့တာ ဖြစ်ပြီး သူတို့ဟာ EthereumMax or EMAX က ရောင်းချတဲ့ Token တွေကို တန်ဖိုးတက်အောင်နဲ့ သူတို့ အကျိုးအမြတ်ရအောင် ကြော်ငြာပေးခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ သူတို့ရဲ့ Follower တွေနဲ့ ရင်းနှီးမြှပ်နှံသူတွေဟာ Token တွေကို ဝယ်ယူခဲ့ပြီးနောက် ငွေကြေး ဆုံးရှုံးမှုတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Kim Kardashian, Floyd Mayweather sued over promotion of cryptocurrency token  - World - DAWN.COM

ကုမ္ပဏီရဲ့ အရာရှိတွေဟာ နာမည်ကျော်ကြား လူသိများသူတွေနဲ့ ပူးပေါင်းကာ လူမှုကွန်ရက်တွေနဲ့ တခြား နေရာတွေမှာ မမှန်ကန်တဲ့ သတင်းအချက်အလက်တွေနဲ့ ကြော်ငြာခဲ့ကြတယ်လို့ တရားရုံးမှာ တင်ပြထားပါတယ်။

Kim Kardashian, Floyd Mayweather Sued Over Promotion of Crypto Token

Kim Kardashian ဟာ ၂၀၂၁ ခုနှစ် ဇွန်လက Follower သန်း ၂၅၀ ရှိတဲ့ အင်စတာဂရမ်မှာ EthereumMax ကို ကြော်ငြာပေးခဲ့ပြီး Mayweather ကတော့ လူကြည့်အရမ်းများခဲ့တဲ့ YouTube Star Logan Paul နဲ့ ဇွန်လက လက်ဝှေ့ပွဲမှာ ကြော်ငြာပေးခဲ့ပါတယ်။

အခု တရားစွဲခံရတာနဲ့ ပတ်သက်ပြီး Kardashian နဲ့ Mayweather တို့က ဘာမှ မတုန့်ပြန်သေးပါဘူး။ EMAX Token တွေ ဝယ်ယူပြီးနောက်မှာ ငွေကြေး အရှုံးပေါ်ခဲ့တဲ့ နယူးယောက် ဒေသခံ ၁ ယောက်က တရားစွဲလိုက်တာ ဖြစ်ပြီး သူက ၂၀၂၁ ခုနှစ် မေလလယ်ကနေ ဇွန်လ နှောင်းပိုင်းအတွင်း EMAX Token ဝယ်ယူခဲ့တဲ့ လူတိုင်း ကိုယ်စား တရားစွဲလိုက်တာ ဖြစ်ပါတယ်။

Ref : cnn