Online Game တွေကနေ ငွေရှာနိုင်ပြီလို့ ပြောလိုက်ရင်‌တော်တော်များများက Betting တွေ Online Casino တွေကို ပြေးမြင်ကြလိမ့်မယ်။ တကယ်တော့ ဂိမ်းကစားရင်းငွေဝင်နိုင်ဖို့ ဒါတွေက အပေါ်ယံလောက်ပဲ ရှိသေးတယ်။

ကိုယ်ကိုတိုင်ဆော့ကစားရင်း Play To Earn လို့ခေါ်တဲ့ ငွေရှာလို့ရမယ့် Game တွေ NFT Game တွေကို ဒီကလူတွေက သတိမထားမိကြသေးဘူး။ Metaverse ထဲက NFT တွေ Collect လုပ်လို့ရမယ့်၊ Play To Earn ဖြစ်မယ့် Game လေးတစ်ခုရှိပါတယ်။ Game နာမည်ကတော့ KOGs Quest ပါ။

Metaverse ထဲက Gaming Brand တစ်ခုဖြစ်တဲ့ RFOX Games Company က KOGs QUEST လို့ခေါ်တဲ့ Game အသစ်တစ်ခုကို မိတ်ဆက်လာတာ တွေ့ရတယ်။ တကယ်တမ်းတော့ KOGs Quest က သူတို့အတွက် တတိယမြောက်ခြေလှမ်း၊ ဘာလို့ဆို ရှေ့ပိုင်းမှာလည်း KOGs NFT နဲ့ KOGs Slam တို့လိုမျိုး NFT Game တွေကို ထုတ်ခဲ့ပြီးသား။ အခုထွက်လာမယ့် KOGs Quest မှာရော ဘယ်လိုမျိုး စိတ်ဝင်စားစရာ အကြောင်းအရာတွေပါမလဲ၊ ကိုယ်ကိုတိုင်ဘယ်လိုမျိုး ဆော့လို့ရမလဲဆိုတာကို ဒီ Article လေးထဲမှာ ဆက်လက်ဖော်ပြပေးပါမယ်။

KOGs Quest Game က Mobile Game အနေနဲ့ လာမှာဖြစ်ပြီးတော့ ပုံမှန် NFT Game တွေရဲ့ ပုံစံအတိုင်းပါပဲ။ Game Type ကကျတော့ Puzzle နဲ့ Role Play RPG ကို ပေါင်းစပ်ပေးထားတဲ့ ပုံစံမျိုးလေးပါ။

Game Play Style ကကျတော့ ပုံမှန် Puzzle Game တွေလိုပဲ Gem တွေ Element လေးတွေကို အတန်းလေးတွေ ညီသွားအောင် လိုက်ရွှေ့ပေးရမယ်။ အနည်းဆုံး Same Color Gem တွေ Element တွေ ၃ခုတန်းအောင်လုပ်လိုက်နိုင်မယ်ဆိုရင် Line up ဖြစ်ပြီး Point တွေရမယ်။ ဒီလိုမျိုး ရလာတဲ့ Point တွေကို အသုံးချပြီး နောက်ထပ် Level တစ်ဆင့်ကို ထပ်သွားပြီး ကစား။ ဒီသဘောမျိုးပဲ။

မတူညီတဲ့ Level တစ်ခုချင်းဆီအလိုက် တဖြည်းဖြည်းနဲ့ Gem တွေကို Move လုပ်ရတာတွေ၊ Shift တွေ Rotate တွေက တဖြည်းဖြည်းနဲ့ပိုပြီး ခက်ခဲလာမယ်။ Play Style ကတော့ ပုံမှန် Puzzle Game တွေအတိုင်းပဲ အရမ်းထူးထူးခြားခြားကြီးတော့မဟုတ်ပါဘူး။ တစ်ခုထူးခြားတာက Puzzle အပြင်ကိုမှ RPG ဆန်ဆန် Story လေးကိုပါ တွဲပေးထားတာပဲ။ အခန်းတစ်ခုချင်းစီတိုင်းမှာ Enemies တွေ Monster တွေ Minions တွေပါမယ်။ ကိုယ့်ဘက်ကလည်း Heroes တွေပါဦးမယ်။ Character တွေ Add On လုပ်ပြီးတော့ Puzzle Game ကို RPG ဆန်ဆန် ဆွဲယူထားတဲ့ သဘောမျိုး။

Gem တွေကို ရွှေ့လိုက်လို့ ရလာမယ့် Point တွေက Enemies တွေကို တိုက်ခိုက်နိုင်သလို ကိုယ့်ရဲ့ Hero တွေကိုလည်း Power Up လုပ်ပေးမှာပါ။ Power Bar ပြည့်သွားတဲ့ ကိုယ့်ရဲ့ Hero ပေါ်ကို နှိပ်လိုက်မယ်ဆိုရင် သူက ကိုယ့်ဘက်ကနေ Enemie တွေကို ကူပြီးတိုက်ခိုက်ပေးနိုင်ပါတယ်။ တဖက်မှာလည်း Enemy တွေက Level တစ်ခုချင်းစီတိုင်းမှာ ကိုယ့်ကိုရော ကိုယ့်ရဲ့ Hero တွေကိုပါ တိုက်ခိုက်မှာ။ ဒီတော့ ဟိုဘက်ဒီဘက် အပြန်အလှန် တိုက်ခိုက်ပြီးတော့ အနိုင်ယူရမယ့် ပုံစံမျိုးပါ။

Game ရဲ့ Objective အနေနဲ့က Level တစ်ခုချင်းစီတိုင်းမှာ မတူညီတဲ့ Enemies တွေရှိမယ်။ ပေးထားတဲ့ Move Limit မပြည့်ခင် ဒါမှမဟုတ် ကိုယ့်ဘက်က Heroes တွေ မသေခင်မှာ Enemies တွေကို နိုင်အောင်တိုက်ခိုက်ရမယ်။ အခန်းတစ်ခု‌ အောင်သွားတိုင်းမှာလည်း မတူညီတဲ့ In Game Items တွေ၊ Experience Point တွေကို Rewards အနေနဲ့ ကိုယ်ကရမယ်။ ပြန်ရတဲ့ Reward တွေကတော့ ဆော့တဲ့ အခန်း Level ပေါ်မူတည်ပြီး ကွဲပြားသွားလိမ့်မယ်။

In Game မှာဆိုရင်လည်း Hero Character တွေ ပိုပြီး Strong ဖြစ်ဖို့ Equipment တွေကို Level up လုပ်လို့ရမယ်။ In App Purchases တွေအနေနဲ့လည်း Gem တွေ Add on Energy တွေ Power ups တွေအပြင် KOGs လို NFT တွေကိုပါ ဝယ်လို့ရဦးမယ်။

RFOX Games က ဒီ KOGs Quest ကို ထပ်ပြီး ထုတ်လိုက်တယ်ဆိုတာက ရှေ့ပိုင်းမှာ ထုတ်ခဲ့တဲ့ KOGs NFT Games တွေက အောင်မြင်ခဲ့လို့ဆိုရင်လည်း မမှားဘူး။ ပြောရရင် ဒီ NFT Markets ထဲမှာ KOGs Lineup က နေရာတော်တော်လေး ရောက်နေပြီလို့ ပြောလို့ရတယ်။

KOGs SLAM ဆိုရင်လည်း NFT Play to Earn ဂိမ်းတွေထဲမှာ တော်တော်လေး Innovative ဖြစ်တဲ့ကောင်းဆိုပြီး ပြောခဲ့ကြတယ်။ အခုဆိုရင် KOGs Product တွေကို Crypto လောကမှာ နာမည်ကြီးတဲ့ အဖွဲ့တွေနဲ့လည်း Collaboration တွေလုပ်နေပါပြီ။

CPAG(Cryptopop Art Guild) က Artist တွေနဲ့ Featuring လုပ်ပြီးတော့လည်း Special Edition KOGs NFT တွေကိုလည်း Develop လုပ်ထားတယ်လို့ သိရတယ်။ ပြောရရင် KOGs NFT တွေက Metaverse Gaming Brand တွေထဲမှာ အရေးပါအရာ‌ရောက်နေပြီလို့ကို ဆိုနိုင်တယ်။

KOGs Quest Game ကိုဆော့ရင်း NFT တွေကို ဘယ်လိုမျိုး Access လုပ်လို့ရလဲ ပိုက်ဆံတွေဘယ်လိုရှာလို့ရမလဲဆိုတာ ပြန်ဆက်မယ်။ စပြီးတော့ ဆော့ဖို့ဆိုရင် မတူညီတဲ့ KOGs Character တွေနဲ့ Hero Team တစ်ခုကို ဖွဲ့ရမယ်။ ပြီးရင် Level တစ်ခုချင်းစီအလိုက် နိုင်အောင်ဆော့ပြီး အနိုင်လိုက်ယူ။

KOGs Mint Lab (Website)

နိုင်ပွဲတွေများလာတဲ့အခါမှာ Reward တွေအနေနဲ့ Mint Pass NFT လို့ခေါ်တဲ့ Redeem လုပ်လို့ရတဲ့ NFT Pass လေးတွေ ရလာမယ်။ ရလာတဲ့ Mint Pass တွေကို KOGs ရဲ့ Digital Currency Exchange လုပ်လို့ရတဲ့ Mint Lab Website မှာ Crypto Currency တွေဖြစ်တဲ့ WAX နဲ့သော်လည်းကောင်း ETH နဲ့သော်လည်းကောင်းပြန်ပြီး Exchange လုပ်လို့ရမယ်။ တကယ်လို့ ကိုယ်က WAX Currency နဲ့ Exchange လုပ်လိုက်မယ်ဆိုရင် RFOX က Develop လုပ်ထားတဲ့ Wearable NFT တွေနဲ့လည်း Trade လုပ်လို့ရမယ်။ ဒီ Wearable NFT တွေကို Metaverse ထဲက ကိုယ့်ရဲ့ Character မှာ ဝတ်ဆင်အသုံးပြုလို့ရသလို မသုံးချင်ဘူးဆိုရင်လည်း AtomicHub လို့ခေါ်တဲ့ NFT Marketplace Platform မှာ ပြန်ပြီးရောင်းချလို့ရတယ်၊ ဒီကနေတဆင့် ငွေတွေဝင်လာနိုင်တယ်။ ဒီလိုမျိူး Play to Earn ဖြစ်တာတွေ NFT Access တွေ Metaverse နဲ့ချိတ်ဆက်ပြီးတော့ အသုံးပြုလို့ရနိုင်တာတွေကြောင့် KOGs Quest Game က သာမန် Puzzle Game တွေထက် တမူထူးခြားသွားတာပဲ။

AutomicHub (KOGs) 

RFOX Game ဘက်ကတော့ KOGs Quest Game နဲ့ပတ်သက်ပြီး Launch Date တွေ Additional Features တွေ မကြာခင်မှာ Announce လုပ်မယ်လို့ သိရတယ်။ ပြောရရင် Beta Version ကို ဆော့ကြည့်တာတောင်မှ Stable ဖြစ်ဖြစ်လေး ဆော့လို့ရတာကိုတွေ့ရတယ်။ Official Version သာ ထွက်လာခဲ့မယ်ဆိုရင် ပိုပြီးမိုက်တဲ့ Features တွေ ပိုပြီးမိုက်တဲ့ Add On တွေ NFT တွေ ပါလာမယ်ဆိုတာ အသေချာပါပဲ။

ဒီတော့ NFT တွေ Collect လုပ်လို့ရမယ့် Play To Earn ဖြစ်မယ့် KOGs Quest Game အကြောင်း ပြောပြပေးခဲ့တာ ပြည့်စုံလောက်ပြီလို့ထင်တယ်။ KOGs Quest ကို ကစားချင်တဲ့ သူတွေအတွက် Google Play Store နဲ့ Apple App Store တို့မှာ Download လုပ်နိုင်ပါပြီ။ အလွယ်တကူ Download ရယူနိုင်အောင် Link တွေပါ ထည့်သွင်းပေးလိုက်ပါတယ်။

KOGs Quest for Android
https://bit.ly/3VNIRcH

KOGs Quest for iOS
https://bit.ly/3QopR3t