လက်ရှိအချိန်မှာ Apple အပါအဝင် နည်းပညာကုမ္ပဏီအများအပြားက ပုံမှန် LCD နဲ့ OLED Display တွေအစား Micro-LED Display နည်းပညာကို ပြောင်းလဲဖို့ကြိုးစားနေကြတာဖြစ်ပါတယ်။ Apple ဆိုရင်လည်း iPad အပြင် MacBook တွေအထိ လာမယ့်နှစ်ပိုင်းမှာ Micro-LED Display နဲ့ အစားထိုးသွားဖို့ စီစဥ်ထားတာဖြစ်ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ တရုတ်နိုင်ငံရဲ့ 2020 Chongqing Micro-LED Industry Innovation Forum မှာ Konka Semiconductor Display Technology ကုမ္ပဏီကနေ ကမ္ဘာ့ပထမဆုံး Micro-LED Display ကို အသုံးပြုထားတဲ့ Smartwatch အသစ်ကို ထုတ်ပြသွားခဲ့ပါတယ်။ အဆိုပါ Smartch ကိုတော့ Aphaea Watch လို့ နာမည်ပေးထားခဲ့ပါတယ်။

Konka ကုမ္ပဏီရဲ့ ပြောကြားချက်အရတော့ အဆိုပါ Smartwatch ဟာ 2-inch Microcrystalline Screen ကိုမှ Glass Substrate အထူ 0.12mm ပဲပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ Chip Size ကလည်း 30µm ပဲရှိမှာဖြစ်တဲ့အတွက် Micro-LED Display အနေနဲ့ အလွန်ကောင်းမွန်တဲ့ Display Effect တစ်ခုကိုပေးစွမ်းနိုင်မှာပါ။

Micro-LED ဖြစ်သွားတဲ့အတွက် နောက်ထပ်အားသာချက်တွေအနေနဲ့ Maximum Brightness က 1500Nits အထိဖြစ်သွားသလို Color Accuracy ပိုင်းမှာလည်း 147% DCI-P3 Color Gamut အထိ Support ပေးနိုင်မှာဖြစ်ပါတယ်။ အပူချိန်အနေနဲ့လည်း -30’C ကနေ 70’C အထိ အလုပ်လုပ်နိုင်သလို Battery Life အနေနဲ့လည်း အများဆုံး ၃၅ ရက်အထိ သုံးစွဲနိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခု Konka ကနေ မိတ်ဆက်လိုက်တဲ့ Smartwatch ဟာ Smartwatch ပိုင်း စွမ်းဆောင်ရည်ထက် Micro-LED Display ကို ပြသတဲ့ Product တစ်ခုဆိုရင် ပိုမှန်မှာပါ။ အဲ့ဒီအတွက် ရောင်းချမယ့်အချိန်၊ စျေးနှုန်းနဲ့ တခြားသော အချက်အလက်တွေကိုတော့ အသေးစိတ်မသိရှိရသေးပါဘူး။

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး OLED ထက်ပိုပြီး အားသာချက်တွေများပြားတဲ့ Micro-LED Display ဟာ လာမယ့်နှစ်မှာတော့ စတင်ပြီး Mainstream Product တွေမှာ တွေ့ရှိရဖွယ်ရှိနေပါတယ်။

Ref – Gizmo China