Apple အရေး လေ့လာဆန်းစစ်တဲ့ Ming-Chi Kuo က iPhone 14 နဲ့ ပတ်သက်တဲ့ နောက်ထပ် ခန့်မှန်းချက် ၁ ခုကို မျှဝေလိုက်ပါတယ်။  ဒီတစ်ခါမှာတော့ Selfie ကင်မရာတွေ အကြောင်း ဖြစ်ပြီး iPhone 14 Series ၄ လုံးစလုံးမှာ f/1.9 Aperture ပါတဲ့ Autofocus အရှေ့ ကင်မရာတွေ ထည့်သွင်းထားမယ်လို့ သူက ပြောပါတယ်။ အရင်နှစ်ထုတ် iPhone တွေမှာတော့ f/2.2 Aperture ပါတဲ့ Fixed Focus Selfie ကင်မရာတွေပဲ ထည့်ထားတာ ဖြစ်တဲ့အတွက် iPhone 14 တွေဟာ တော်တော်တိုးတက်လာမှာပါ။

Kuo: iPhone 14 Models Likely to Feature Upgraded Front Camera With Autofocus - MacRumors

Photo, Video Calling နဲ့ Live-streaming App အားလုံးအတွက် အကျိုးရှိစေမှာ ဖြစ်ပြီး ပိုကျယ်တဲ့ Aperture ဟာ Sensor တွေ အလင်း ဖမ်းယူမှု ပိုကောင်းအောင် ပြုလုပ်ပေးနိုင်တဲ့အတွက် နေ့ဘက်နဲ့ အလင်းရောင် နည်းပါးတဲ့ ညဘက် ဓါတ်ပုံတွေ ပိုကောင်းလာမှာ ဖြစ်ပါတယ်။

iPhone 14 leaks: What we know so far - 9to5Mac

Autofocus ကြောင့် Subject Tracking ပိုကောင်းလာပြီး Photo နဲ့ Video တွေမှာ Depth of Field တိုးတက်စေပါတယ်။ အထူးသဖြင့် Portrait Mode မှာ အကျိုးရှိစေမှာပါ။ Imaging Sensor အရွယ်အစားနဲ့ Resolution ကို မသိရသေးပေမယ့် Autofocus ပါလာတဲ့အတွက် Selfie တွေ ပိုကောင်းလာစေမှာ သေချာပါတယ်။

Ref : gsmarena