Apple အရေး လေ့လာဆန်းစစ်သူ Ming-Chi Kuo က Apple ဟာ ဒီဇင်ဘာလ အားလပ်ရက်ဈေးဝယ်ရာသီမှာ iPhone အလုံအလောက် မထုတ်လုပ်နိုင်ဘူးလို့ ပြောပါတယ်။ သူက Apple ဟာ iPhone 14 Pro နဲ့ Pro Max အလုံးရေ ၇၀ ကနေ ၇၅ သန်းအတွင်း ရောင်းချနိုင်မယ်လို့ မျှော်မှန်းထားပြီး ၁၅ သန်းကနေ သန်း ၂၀ အထိ မထုတ်လုပ်နိုင်ဘူးလို့ တွက်ချက်ထားပါတယ်။
The total iPhone 14 Pro and 14 Pro Max shipments in 4Q22 will be 15–20 million units less than expected. Significant downside risks to Apple & iPhone supply chain due to Zhengzhou iPhone plant labor protestshttps://t.co/tUkKE9TGVG
— 郭明錤 (Ming-Chi Kuo) (@mingchikuo) November 29, 2022
အဲဒီလို မထုတ်လုပ်နိုင်တာဟာ တရုတ်မှာ ကိုဗစ် ၁၉ ကူးစက်မှု ကြီးမားလာတဲ့အတွက် စက်ရုံတွေ ပိတ်လိုက်ရတာကြောင့် ဖြစ်ပါတယ်။ iPhone တွေ အဓိက ထုတ်လုပ်ပေးနေတဲ့ Foxconn စက်ရုံ ပိတ်လိုက်ရပြီး Kuo က တခြားတရုတ် ကုမ္ပဏီ ၂ ခု ဖြစ်တဲ့ Pegatron နဲ့ Luxshare တို့ဟာလည်း iPhone 14 နဲ့ 14 Pro ကို ၁၀ ရာခိုင်နှုန်းပဲ ထုတ်လုပ်နိုင်မယ်လို့ ပြောပါတယ်။
iPhone 14 Pro မော်ဒယ်တွေရဲ့ ဈေးနှုန်းဟာ အလွန်မြင့်မားတဲ့အတွက် မထုတ်လုပ်နိုင်တာဟာ Apple ရဲ့ ၂၀၂၂ ခုနှစ် ကွာတား ၄ ဖြစ်တဲ့ အောက်တိုဘာလနဲ့ ဒီဇင်ဘာလအတွင်းရဲ့ ဝင်ငွေကို ကျဆင်းသွားစေမှာပါ။
လက်ရှိမှာ iPhone 14 Pro နဲ့ 14 Pro Max တို့ဟာ အမေရိကန်က Apple Store တွေမှာ ပစ္စည်းပြတ်နေပြီး ဒီဇင်ဘာလ ၂၉ ရက် မတိုင်ခင်အထိ မရောင်းချနိုင်သေးပါဘူး။ Kuo က လူတွေဟာ iPhone 14 Pro ကို ဝယ်ယူဖို့ မစောင့်နိုင်တော့ဘဲ တခြား iPhone မော်ဒယ်တွေကို ဝယ်ယူကြလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
Ref : gsmarena