Bloomberg ရဲ့ Mark Gurman က Apple စမတ်နာရီ Fans တွေအတွက် စိတ်မကောင်းစရာ သတင်းတစ်ခုကို မကြာခင်က ပြောကြားခဲ့ပါတယ်။ အဲဒါကတော့ Apple ရဲ့ နောက်မျိုးဆက် စမတ်နာရီတွေဟာ ထုတ်လုပ်မှု အခက်အခဲတွေ ရင်ဆိုင်နေရတယ်ဆိုတာပါ။  အခုတော့ Apple အရေး လေ့လာဆန်းစစ်သူ Ming-Chi Kuo က Apple ဟာ အဲဒီ အခက်အခဲကို ဖြေရှင်းနိုင်ပြီလို့ ဆိုပါတယ်။

Apple Watch Series 7 renders (Source: @RendersbyIan)Apple Watch Series 7 renders (Source: @RendersbyIan)

စက်တင်ဘာလ ၁၄ ရက်နေ့ ကြေညာအပြီးနောက်တစ်နေ့မှာ Watch Series 7 ကို ဝယ်ဖို့တော့ မမျှော်လင့်ပါနဲ့။ ဒါပေမယ့် Kuo က Apple ဟာ စက်တင်ဘာလလယ်မှာ အမြောက်အများ စတင် ထုတ်လုပ်မှာ ဖြစ်ပြီး စတိုးတွေကို ရောက်ဖို့ နည်းနည်း စောင့်ရမယ်လို့ ပြောပါတယ်။ အမြောက်အများထုတ်လုပ်တဲ့ အချိန်ကို ၂ ပတ် နောက်ဆုတ်လိုက်တဲ့အတွက် စက်တင်ဘာလ နှောင်းပိုင်းမှာ ရောင်းချမယ်လို့ထင်ပါတယ်။

Apple Watch Series 7Apple Watch Series 7

OLED G6 Panel အသစ်က ထုတ်လုပ်မှု အခက်အခဲ ဖြစ်စေတဲ့ အကြောင်းအရင်းလို့ သိရပါတယ်။ Apple အရင်က မသုံးခဲ့ဖူးတဲ့ အမျိုးအစား ဖြစ်ပြီး Cable Design အသစ်ပါလာသလို ကြံ့ခိုင်မှု ပိုကောင်းစေတဲ့ နည်းပညာ ထည့်သွင်းထားပါတယ်။ G6 Panel ဟာ ဈေးပိုသက်သာတယ်လို့ သိရပါတယ်။

Kuo က Luxshare ဟာ Apple Watch Series 7 တွေရဲ့ ၇၀ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးမှာ ဖြစ်ပြီး Foxconn ထက်စောကာ အဆင်သင့် ဖြစ်မယ်လို့ ပြောပါတယ်။ Kuo က Series 7 အလုံးရေ ၁၄ သန်းကနေ ၁၆ သန်းအထိ ဒီနှစ်ကုန်မှာ ရောင်းချနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ၄၁ နဲ့ ၄၅ မီလီမီတာ အရွယ်အစား ၂ မျိုးထုတ်လုပ်ထားမှာ ဖြစ်ပြီး Bezel တွေ ပိုသေးငယ်လာကာ မျက်နှာပြင် ပိုကြီးလာမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena