လေ့လာဆန်းစစ်သူ Ming Chi Kuo က Apple ရဲ့ စွမ်းဆောင်ရည်သင့် iPhone တွေဟာ ထင်ထားသလောက် ရောင်းအား မကောင်းဘူးလို့ ပြောပါတယ်။ အဲဒီအတွက် Apple ဟာ ၂၀၂၄ ခုနှစ် မတိုင်ခင် အထိ iPhone SE 4 ကို ထုတ်လုပ်ရောင်းချမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

iPhone SE 4 could be 'canceled or postponed' — here's why | Tom's Guide

နောက်ထုတ်မယ့် iPhone SE မှာ Full Screen ဒီဇိုင်းကို အသုံးပြုထားမှာ ဖြစ်ပြီး ထုတ်လုပ်မှု ကုန်ကျစားရိတ်များတဲ့အတွက် ကုမ္ပဏီဟာ ဈေးနှုန်းနဲ့ ပတ်သက်တဲ့ နည်းဗျူဟာကို ပြန်လည် သုံးသပ်ဖို့ လိုအပ်ပါတယ်။

Kuo: iPhone SE 4 might be cancelled or delayed

iPhone SE အသစ် ထုတ်လုပ်ရောင်းချမှုကို နောက်ဆုတ်လိုက်တဲ့အတွက် မလိုအပ်တဲ့ ကုန်ကျစားရိတ်တွေကို လျှော့ချနိုင်မှာ ဖြစ်ပြီး တစ်ကမ္ဘာလုံး စီးပွားရေး ကျဆင်းမှုကို တောင့်ခံနိုင်မှာ ဖြစ်ပါတယ်။

အရင်ပေါက်ကြားခဲ့တဲ့ ဓါတ်ပုံတွေအရ iPhone SE 4 ကို iPhone SE (2024) လို့ အမည်ပေးထားမှာ ဖြစ်ပြီး iPhone XR ကို  အခြေခံ တည်ဆောက်ထားမှာပါ။ Touch ID ကို ဖယ်ရှားထားနိုင်ပြီး Face ID ကိုပဲ အဓိက အသုံးပြုရမှာပါ။

iPhone SE အသစ်နဲ့ iPhone XR ရဲ့ အဓိက ကွာခြားချက်က Chipset ဖြစ်လာမှာဖြစ်ပြီး ကင်မရာက ပိုကောင်းတဲ့ ဓါတ်ပုံတွေကို ရိုက်ကူးနိုင်မှာ ဖြစ်သလို iOS က ပိုမို ချောမွတ်လာမှာပါ။

ref : gsmarena