Apple ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက iPhone 12 Series ဖုန်းတွေထဲက 6.1″ iPhone တွေဖြစ်တဲ့ iPhone 12 နဲ့ 12 Pro ဖုန်းတွေကို Pre-order စတင်ကောက်ယူခဲ့တာဖြစ်ပါတယ်။ အခုနောက်ဆုံးသိရတဲ့သတင်းအရ Apple ဟာ အဆိုပါ ဖုန်းတွေကို ခန့်မှန်းထားတာထက်တောင် ပိုပြီး ရောင်းချနေရပြီဖြစ်တယ်လို့ သိရပါတယ်။

ယခုသတင်းကို TF Securities ရဲ့ Analyst တစ်ဦးဖြစ်တဲ့ Ming-Chi Kuo ကနေ ဖော်ပြခဲ့တာဖြစ်ပြီး Apple ဟာ Pre-order စတင်ကောက်ယူတဲ့ ပထမအပတ်အတွင်းမှာတင် အလုံးရေ ၇ သန်းကနေ ၉ သန်းအထိ ရောင်းချနေရတယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။ နှိုင်းယှဥ်ရမယ်ဆိုရင် မနှစ်တုန်းက iPhone 11 Series အကုန်လုံးဟာ ပထမဆုံး Pre-order ကောက်ယူတဲ့ရက်သတ္တပတ်ထဲမှာ အလုံးရေ ၁၀ သန်းကနေ ၁၂ သန်းရောင်းချခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီအတွက် အခုနှစ်မှာ လူပိုစိတ်ဝင်စားကြတဲ့ iPhone 12 Mini နဲ့ iPhone 12 Pro Max လိုဖုန်းတွေကို ရောင်းချခြင်းမရှိသေးတာတောင်မှ ရောင်းအားက သိသိသာသာကို များပြားနေတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ စတင်ရောင်းချတဲ့ ၂၄ နာရီအတွင်းမှာတင် iPhone 12 နဲ့ 12 Pro ဖုန်းအလုံးရေ ၂ သန်းအထိ ရောင်းချနိုင်ခဲ့တယ်လို့ ယူဆရပါတယ်။ အဆိုပါ ပမာဏဟာ မနှစ်တုန်းက iPhone 11 Series ထက် ၂ ဆကျော်ပိုများနေတာလည်းဖြစ်ပါတယ်။

iPhone 12 Series ဟာ China ၊ US နဲ့ Europe စျေးကွက်တွေမှာ သိသိသာသာကို ဝယ်လိုအားများနေတာဖြစ်ပါတယ်။ ဒါတောင်မှ လက်ရှိရောင်းချနေတဲ့ iPhone 12 နဲ့ 12 Pro ဟာ စုစုပေါင်း iPhone 12 Series ရဲ့ ရောင်းအား ၃၀ ကနေ ၃၅ ရာခိုင်နှုန်းအထိပဲ ရှိမယ်လို့ ခန့်မှန်းထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် iPhone 12 Pro Max တမျိုးတည်းတင် ရောင်းအား ၁၅ ကနေ ၂၀ ရာခိုင်နှုန်းနဲ့ iPhone 12 Mini ကလည်း ရောင်းအား ၁၀ ကနေ ၁၅ ရာခိုင်နှုန်းစီအသီးသီးရှိနေဦးမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Apple ဟာ ယခုနှစ်မှာတော့ iPhone 12 Series တွေက လုံးဝကို ယခင်နှစ်တွေထက် ပိုပြီးရောင်းအားကောင်းဖို့ကတော့ သေချာနေပါပြီ။

Ref – GSM Arena