Apple ဟာ လာမယ့် စက်တင်ဘာလအတွင်းမှာ iPhone 14 Series အသစ်ကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ ယခုနှစ်အတွက်ကတော့ mini iPhone ကို မိတ်ဆက်သွားတော့မှာမဟုတ်ဘဲ iPhone 14 ၊ iPhone 14 Max ၊ iPhone 14 Pro နဲ့ iPhone 14 Pro Max ဖုန်းတွေဆိုပြီးပဲ မိတ်ဆက်မှာဖြစ်ပါတယ်။

နောက်ထပ်ထူးခြားချက်ကတော့ iPhone 14 နဲ့ iPhone 14 Max ဖုန်းတွေဟာ Design ပိုင်းအနေနဲ့ လက်ရှိ iPhone 13 Series ဖုန်းတွေကနေ ပြောင်းလဲခြင်းမရှိသလို Performance ပိုင်းကိုလည်း အဆင့်မြှင့်တင်ထားခြင်းမရှိတဲ့ A15 Bionic Chip ကိုပဲ အသုံးပြုထားမှာဖြစ်ပါတယ်။

ဒါကြောင့် iPhone 14 Pro နဲ့ iPhone 14 Pro Max ဖုန်းတွေဘဲ Selfie Camera နဲ့ Face Unlock အတွက် Notch အစား Hole Punch + Pill Design နဲ့ ပြောင်းလဲမိတ်ဆက်သွားမှာဖြစ်ပါတယ်။ Processor ပိုင်းမှာလည်း iPhone 14 Pro နဲ့ iPhone 14 Pro Max ဖုန်းတွေကပဲ အဆင့်မြှင့်ထားမှာပါ။

နောက်ဆုံးသိရတဲ့သတင်းတွေအရတော့ Apple သတင်းတွေကို ပြောကြားနေကျဖြစ်တဲ့ Ming-Chi Kuo ကနေ iPhone 14 Pro ဖုန်းတွေနဲ့ ပတ်သက်ပြီး သတင်းတစ်ခုကို ထုတ်ပြောလိုက်ပါတယ်။ ဒါကတော့ iPhone 14 Pro နဲ့ iPhone 14 Pro Max ဖုန်းတွေဟာ ယခင်ထက် ပိုပြီး စျေးပိုကြီးလာဖို့ သေချာသလောက်ဖြစ်နေတယ်လို့ သိရပါတယ်။

iPhone 13 Pro ဖုန်းဟာ $999 ကနေ စတင်ခဲ့တာဖြစ်ပြီး Storage အနေနဲ့ 128GB ကနေ စတင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် iPhone 14 Pro ဖုန်းဟာ အနည်းဆုံး $1,099 သို့မဟုတ် $1,149 ကနေ စတင်လာနိုင်ပါတယ်။ အခုလိုမျိုး စျေးနှုန်းတက်လာသလို အနိမ့်ဆုံး Storage ကိုလည်း 128GB အစား 256GB ကနေ စတင်လာမယ်ဆိုပြီးလည်း သတင်းတွေထွက်ရှိနေတာကြောင့် ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref – 9to5Mac