TNC Group ရဲ့ NFT ဖြစ်တဲ့ Lady Ape Club (LAC) ကို မကြာခင်က ဖြန့်ချိခဲ့ပြီး အခုတော့ OpenSea ရဲ့ ထိပ်ဆုံး NFT ၁၀ ခု စာရင်းဝင်လာပါတယ်။ NFT ပေါင်း ၇၀၀ ကျော်ရှိတဲ့ စာရင်းမှာ LAC ဟာ နံပါတ် ၉ နေရာရထားပြီး လက်ရှိမှာ LAC ရဲ့ တန်ဖိုး စုစုပေါင်းဟာ 210.69 ETH ရှိပါတယ်။

LAC ရဲ့ ကြမ်းခင်ဈေးက 1.33 ETH ဖြစ်ပြီး OpenSea မှာ Lady Apes ၇၀၀ ရှိပါတယ်။ LAC ဟာ ‘TIMEPieces : Into the Metaverse by Micah Johnson’ NFT ရဲ့ အထက်နဲ့ FrootsNFT ရဲ့ အောက်မှာ ရပ်တည်နေပြီး အဲဒီ ၂ ခုဟာ ဈေးကွက်တန်ဖိုး 174.86 နဲ 8,611.44 အသီးသီး ရှိပါတယ်။

Lady Ape Club NFT- The Female Companions of the Bored Apes – ULTCUBE88 – Lates NFT News

LAC အရောင်းအဝယ်ပြုလုပ်မှုဟာ ပြီးခဲ့တဲ့ ရက်မှာ တည်ငြိမ်နေပြီး ပျမ်းမျှအားဖြင့် 2.5331 ETH နဲ့ ရောင်းချနေကြပါတယ်။ ဒီလ ၂၃ ရက်နေ့မှာ NFT ဈေးနှုန်း တက်ခဲ့ပြီး ပျမ်းမျှဈေးဟာ 4.7896 ETH ဖြစ်ခဲ့ပါတယ်။ ဒီလ ၂၁ ရက်နေ့မှာ ဈေးကျခဲ့ပြီး ပျမ်းမျှဈေးဟာ 0.1971 ETH ရှိခဲ့ပါတယ်။

တခြား ထိပ်တန်း NFT တွေကို ကြည့်ရင် လက်နဲ့ ရေးဆွဲတဲ့  Isekai Meta NFT ဟာ စာရင်းမှာ နံပါတ် ၁ နေရာရထားပါတယ်။ ENS : Ethereum Name Service ဟာ နံပါတ် ၂ နဲ့ Otherdeed for Otherside ဟာ နံပါတ် ၃ မှာ ရပ်တည်နေပါတယ်။

ပြီးခဲ့တဲ့ ၁ ပတ်က STRMNFT ဈေးကွက်မှာ စတင် ရောင်းချပြီး နာရီပိုင်းအတွင်းမှာ LAC NFT ပေါင်း ၉,၀၀၀ ရောင်းချနိုင်ခဲ့ပါတယ်။ အဲဒီ ရောင်းချမှု အပြီးမှာ ချက်ချင်းပဲ အထူးထုတ် Lady Apes ၉၀ ကို လေလံတင် ရောင်းချခဲ့ပြီး အဲဒါတွေ အကုန်လုံး ရောင်းထွက်သွားပါတယ်။

Lady Ape Club ဟာ Lady Ape NFT ပေါင်း ၁၀,၀၀၀ ပါတဲ့ Collection ဖြစ်ပါတယ်။ Blockchain ကုမ္ပဏီ TNC Group ရဲ့ အနုပညာရှင် အဖွဲ့က LAC NFT Collection ကို ဒီဇိုင်းထုတ်ထားတာပါ။ အဲဒီ NFT တွေကို ၂၀၂၂ ခုနှစ် ဇွန်လက STRMNFT ဈေးကွက်မှာ စတင် ရောင်းချခဲ့တာပါ။

Ref : coinquora