Lamboghini လို့ ဆိုလိုက်တာနဲ့ အလန်းဆုံး ပြိုင်ကားတွေကို ထုတ်လုပ်နေတဲ့ ကုမ္ပဏီတစ်ခုဆိုတာကို သိပြီးဖြစ်မှာပါ။ အခုလည်း Lamborghini ကုမ္ပဏီကနေ ပထမဆုံးအနေနဲ့ NFT ကို မိတ်ဆက်လိုက်ပါပြီ။

NFT တွေဟာ ပုံမှန်အားဖြင့် ဓါတ်ပုံတွေကိုပဲ သတ်မှတ်ကြတာဖြစ်ပေမယ့် Lamborghini ကနေ ပြုလုပ်လိုက်တဲ့ “Exploding Aventador Ultimate” လို့သတ်မှတ်ထားတဲ့ NFT ကတော့ လုံးဝကို ကွဲပြားနေမှာဖြစ်ပါတယ်။ နာမည်ကြီး Swiss Artist တစ်ဦးဖြစ်တဲ့ Fabian Oefner ကနေ ဦးဆောင်ဖန်တီးထားပြီး NFT Collection ရဲ့ နာမည်ကိုတော့ Space Time Memory NFT Collection ဆိုပြီး နာမည်ပေးထားတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၄ လဝန်းကျင်တုန်းကလည်း နာမည်ကြီး Luxury ကားကုမ္ပဏီတစ်ခုဖြစ်တဲ့ Rolls-Royce ကနေ Black Badge NFT ကို မိတ်ဆက်ခဲ့ပြီး Alpine ကလည်း ကမ္ဘာ့ပထမဆုံး NFT Digital Concept Car ကို မိတ်ဆက်ခဲ့ဖူးပါတယ်။ ဒါကြောင့် အခုလိုမျိုး Lamborghini အပြင် တခြားသော ကားကုမ္ပဏီတွေကလည်း NFT စျေးကွက်ကို ဝင်ရောက်လာဖွယ်ရှိနေပါတယ်။

Lamborghini ရဲ့ Space Time Memory Collection ဟာဆိုရင် လကမ္ဘာကို ပထမဆုံးသွားရောက်ခဲ့တဲ့ Apollo 11 Mission ကိုပါ အမှတ်တရအနေနဲ့ ထုတ်လုပ်ထားတာဖြစ်ပြီး Lamborghini Aventador ပြိုင်ကား အာကာသထဲမှာ တစ်စစီဖြစ်နေတာကို ဖော်ပြထားတာဖြစ်ပါတယ်။ ဒီလိုမျိုး မြင်တွေ့ရဖို့အတွက်လည်း Carbon Fiber နဲ့ ပြုလုပ်ထားတဲ့ Physical Key တစ်ခုကိုပါ အသုံးပြုရမှာဖြစ်ပါတယ်။

အခု Space Time Memory NFT Collection ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၄ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး အမြင့်ဆုံးစျေးနှုန်းအနေနဲ့ ဒေါ်လာ ၂၀၃,၆၃၆ ရရှိခဲ့တယ်လို့ သိရပါတယ်။

Ref – Hot Cars