Lamborghini က Lanzador အမည်ရ လျှပ်စစ်ကား အသစ်ကို Monterey Car Week မှာ ပြသလိုက်ပြီး အမိုက်စား လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပါတယ်။

Lamborghini

ကားထဲမှာ Y ပုံသဏ္ဍာန် စင်တာ တပ်ဆင်ထားပြီး ယာဉ်မောင်းက Driving  Mode တွေ ပြောင်းလဲနိုင်ပါတယ်။ စီးနင်းသူတွေဟာ အမြန်နှုန်းနဲ့ အကွာအဝေးလို သတင်းအချက်အလက်တွေကို အထူးထုတ် မျက်နှာပြင်မှာ ကြည့်နိုင်ပါတယ်။ ကားထဲမှာ နေရာကျယ်ဝန်းပြီး ခရီးဆောင်အိတ်တွေ ထည့်သွင်းနိုင်ပါတယ်။

စွမ်းရည်မြင့်မားတဲ့ လျှပ်စစ် မော်တာတွေ ထည့်သွင်းထားပြီး တစ်ခါအားသွင်းထားရင် ဝေးဝေး မောင်းနိုင်တဲ့ စွမ်းရည်မြင့် ဘက်ထရီ ပါလာပါတယ်။ Lamborghini က အကွာအဝေး ဘယ်လောက်မောင်းနိုင်သလဲဆိုတာ မပြောသေးပါဘူး။

Lamborghini Unveiled Its First Fully Electric Lanzador Concept SUV

ဒါဟာ Concept ကား အဆင့်ပဲ ရှိသေးပေမယ့် Lamborghini က ၂၀၂၈ ခုနှစ်မှာ ရောင်းချမယ်လို့ ပြောပါတယ်။ အဲဒီကားကို စွန့်ပစ် ကာဘွန်တွေလို အရာဝတ္ထုတွေနဲ့ တည်ဆောက်ထားပြီး သဘာဝပတ်ဝန်းကျင် မပျက်ဆီးအောင် ထုတ်လုပ်ထားပါတယ်။ ကုမ္ပဏီက ၂၀၃၀ ခုနှစ်မှာ လျှပ်စစ်ကားတွေပဲ ထုတ်လုပ်မယ်လို့ ပြောပါတယ်။

Lamborghini က အနာဂတ်အတွက် စဉ်းစားကာ အဲဒီကားကို တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ကားဟာ ဒီဇိုင်းလှပပြီး စွမ်းရည်မြင့်မားကာ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်ပါတယ်။

Ref : gizmochina