Honor ဟာ ဥရောပဈေးကွက်မှာ စမတ်ဖုန်းသစ်တစ်မျိုးကို မိတ်ဆက်ဖြန့်ချိတော့မယ်လို့ သိရပြီး ဒါဟာ Honor 10X Lite လို့လည်း ဆိုပါတယ်။ ကုမ္ပဏီဘက်က တရားဝင်ကြေညာခြင်းမရှိသေးပေမယ့် ပေါက်ကြားမှုအရ ဒီဟန်းဆက်ဟာ Mid-range အမျိုးအစား ဖြစ်ကြောင်းကို သိရှိရပြီ ဖြစ်ပါတယ်။

Honor 10X Lite ဟာ မျက်နှာပြင်အပေါ်ဘက် အလယ်တည့်တည့်မှာ Punch-hole တစ်ခုရှိနေပါတယ်။ LCD panel ရဲ့အရွယ်အစားကတော့ 6.67-inch ဖြစ်ပြီး 2400 x 1080 resolution ရှိတယ်လို့ Winfuture.de က ဖော်ပြထားပါတယ်။ ဒါ့အပြင် Honor 10X Lite ဟာ Kirin 710A processor အသုံးပြုထားပြီး၊ 4GB of RAM နဲ့ 128GB storage တို့ ထောက်ပံ့ပေးထားတယ်လို့လည်း သိရှိရပါသေးတယ်။

ဟန်းဆက်ရဲ့ ကျောဘက်မှာတော့ စတုဂံပုံစံ ကင်မရာအိမ်ဖွဲ့တည်ပုံနဲ့အတူ ကင်မရာလေးလုံး တပ်ဆင်ထားတာကိုလည်း တွေ့မြင်ရပါတယ်။ အဓိကကင်မရာကတော့ 48MP sensor ဖြစ်ပြီး 8MP (ultrawide angle), 2MP (macro) နဲ့ 2MP (depth sensor) တို့ ဖြစ်ကြပါတယ်။ မျက်နှာပြင်ထက်က Selfie ကင်မရာကတော့ 8MP sensor နဲ့ ဖြစ်ပါတယ်။

ဘက်ထရီကတော့ 5,000mAh ပမာဏဖြစ်ပြီး ၂ ရက်ကြာသုံးနိုင်မယ်လို့ ဆိုပါတယ်။ 22.5W charger နဲ့ မိနစ် ၈၀ အတွင်း ၁၀၀% အားအပြည့်သွင်းနိုင်တယ်လို့ သိရပါတယ်။ Bluetooth 5.1 နဲ့ 2.4GHz Wi-Fi ကိုလည်း ထောက်ပံ့ထားပါသေးတယ်။ NFC အကြောင်း ဖော်ပြထားတာမရှိသေးပေမယ့် Fingerprint scanner ကိုတော့ ဘေးဘက်မှာတွေ့မြင်ရပြီး USB-C port နဲ့ Audio jack လည်း ထောက်ပံ့ပေးထားပါသေးတယ်။

Ref: Gizmochina