Apple က iPhone 12 နဲ့ 12 Pro ကို အရင်နှစ် အောက်တိုဘာလလယ်နဲ့ iPhone 12 mini နဲ့ 12 Pro Max ကို နိုဝင်ဘာလအစောပိုင်းမှာ ကြိုတင်မှာယူခွင့်ပြုခဲ့ပါတယ်။ ဒီနှစ်မှာတော့ iPhone 13 မော်ဒယ်အားလုံးကို တစ်ပြိုင်နက် စောစောစီးစီး ရောင်းချနိုင်တယ်လို့ တရုတ်က Ecommerce App ၁ ခုမှာ အထောက်အထားတွေ့လာရပါတယ်။

iPhone 13 Release Date, Price, Design & Specs Rumours

အောက်ပါ Screenshot ကို @PandalsBald က တင်ထားတာ ဖြစ်ပြီး IT Home က ဒီသတင်းကို မျှဝေထားတာပါ။ အဲဒီ Screenshot မှာ iPhone 13 မော်ဒယ်အားလုံးကို စက်တင်ဘာလ ၁၇ ရက်နေ့ ရောင်းမယ်လို့ ဖော်ပြထားတဲ့အတွက် iPhone ချစ်သူတွေအတွက် ဝမ်းသာစရာပါ။ အဲဒါဟာ တရုတ်အတွက် ဖြစ်ပြီး iPhone 13 ဝယ်ယူနိုင်မယ့် အစောဆုံး နိုင်ငံထဲမှာ တရုတ် ပါလာမှာပါ။

A screenshot revealing the September launch schedule for the iPhone 13 and AirPods 3

Apple AirPods 3 TWS နားကြပ် အသစ်ကိုတော့ ၂ ပတ်လောက်နောက်ကျပြီး စက်တင်ဘာလ ၃၀ ရက်နေ့မှာ ရောင်းချနိုင်ပါတယ်။ ထုံးစံအတိုင်းဆိုရင် အဲဒီရက်မတိုင်ခင် ကြိုတင်မှာယူခွင့်ပေးမှာပါ။

ကြေညာမယ့်နေ့နဲ့ ပတ်သက်ပြီး သတင်းအမျိုးမျိုးထွက်နေကာ သတင်းအများစုအရ စက်တင်ဘာလထဲ ကြေညာဖို့ များပါတယ်။ မော်ဒယ်အသစ်တွေဟာ ၂၀၂၀ ထုတ် မော်ဒယ်တွေထက် ရောင်းအားပိုကောင်းမယ်လို့ ခန့်မှန်းထားကြပါတယ်။ Bloomberg က Apple ဟာ ဈေးဦးပေါက်အတွက် အလုံးရေ ၂၀ ရာခိုင်နှုန်း ပိုထုတ်လုပ်ချင်နေတယ်လို့ သတင်းပေးထားပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ ကပ်ရောဂါကြောင့် iPhone ရောင်းချချိန်နောက်ကျခဲ့ပါတယ်။ Apple နဲ့ ပါတနာတွေဟာ ဒီနှစ်မှာ အဲဒီပြဿနာကို ဖြေရှင်းပြီး အချိန်မှီ ရောင်းချနိုင်ပါတယ်။

Ref : gsmarena