Huawei ဟာ အောက်တိုဘာလ ၂၂ ရက်နေ့မှာ Mate 40 Series စမတ်ဖုန်းတွေကို တရားဝင်မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုနောက်ဆုံးသိရတဲ့သတင်းတွေအရ Huawei ဟာကုမ္ပဏီအတွက် ပထမဆုံး Headphone ဖြစ်လာမယ့် FreeBuds Studio Headphone ကိုပါ မိတ်ဆက်လာမယ်လို့ သိရပါတယ်။

အဆိုပါ FreeBuds Studio Headphone တွေဟာ Active Noise Cancellation (ANC) Feature ပါဝင်လာမှာဖြစ်ပြီး Sony WH-1000XM4 ၊ Bose Noise Canceling Headphone 700 အပြင် Apple ကနေ မိတ်ဆက်လာနိုင်တဲ့ AirPods Studio Headphone တွေနဲ့ပါ ယှဥ်ပြိုင်ရဖွယ်ရှိနေပါတယ်။ စျေးနှုန်းအနေနဲ့လည်း €400 (မြန်မာငွေ ၆ သိန်းဝန်းကျင်) ကျသင့်မယ်လို့ သိရပါတယ်။

Huawei FreeBuds Studio Headphone တွေဟာ 40mm Dynamic Driver တွေကိုအသုံးပြုထားသလို လက်ရှိ Huawei FreeBuds Pro TWS Earbuds မှာပါဝင်တဲ့ Kirin A1 Chip လည်း ပါဝင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Sound Quality နဲ့ ANC စွမ်းဆောင်ရည်ပိုင်းမှာ တော်တော်လေးကိုကောင်းမွန်မှာဖြစ်ပြီး Ambient Noise ကို 40dB အထိ လျော့ချနိုင်မယ်လို့ သိရပါတယ်။

Battery ပိုင်းမှာတော့ Music Playback အတွက် နာရီ ၂၀ နဲ့ ဖုန်းပြောဆိုမှုတွေအတွက် ၁၅ နာရီခန့်အသုံးပြုနိုင်မယ်လို့သိရပါတယ်။ USB-C Charging အပြင် Fast Charging ကြောင့် ၁၀ မိနစ်အားသွင်းရုံနဲ့ ၅ နာရီခန့်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Bluetooth 5.2 Standard ကို အသုံးပြုလာမှာလည်းဖြစ်ပါတယ်။

ဒါပေမယ့်လည်း အသုံးပြုလာမယ့် Audio Codec တွေနဲ့ တခြားသောအသေးစိတ်အချက်အလက်တွေကိုတော့ လာမယ့် အောက်တိုဘာလ ၂၂ ရက်နေ့ကြမှပဲ တရားဝင်သိရှိရမှာဖြစ်ပါတယ်။

Ref – Android Authority