Google ကုမ္ပဏီတွင်းက ထွက်လာတဲ့ စာရွက်စာတမ်း ၁ ခု အရ Folding Pixel ကို ဖန်တီးနေတဲ့ပုံပေါ်ပါတယ်။ အဲဒီ စာရွက်စာတမ်းမှာ မကြေညာရသေးတဲ့ Barbette, Raven, Oriole နဲ့ Passport စတဲ့ Device ၄ လုံးကို ဖော်ပြထားပါတယ်။

Barbette ဟာ သတင်းထွက်နေတဲ့ Pixel 5a ဖြစ်နိုင်ပြီး Google ဟာ Pixel 5 5G နဲ့ 4a 5G ကိုပဲ အတည်ပြုရပါသေးတယ်။ Raven နဲ့ Oriole ဟာ နောက်မျိုးဆက် Pixel 6 ၂ လုံး ဖြစ်နိုင်ပါတယ်။ Google ဖုန်းတွေရဲ့ လျှို့ဝှက်နာမည်ဟာ ငါးမျိုးစိတ်တွေကို အခြေခံလေ့ရှိပါတယ်။ ဒါပေမယ့် ဒီစာရွက်စာတမ်းမှာ တခြား လျှို့ဝှက်နာမည်တွေပါပါတဲ့အတွက် သဲလွန်စရှာဖို့ ခက်ခဲပါတယ်။

Passport ကတော့ Foldable ဖုန်း ဖြစ်နိုင်ပြီး အဲဒီဖုန်းနဲ့ Pixel 6 ဖုန်း ၂ လုံးကို နောက်နှစ် နောက်ဆုံး ၃ လအတွင်းမှာ ကြေညာနိုင်ပါတယ်။ အဲဒီထဲက ဖုန်း ၁ လုံးဟာ ၆.၆၇ လက်မ 120Hz မျက်နှာပြင် ထည့်သွင်းထားနိုင်ပါတယ်။

Google က Pixel 5 5G နဲ့ 4a 5G ရောင်းမယ့်အချိန်ကို မပြောသေးပါဘူး။ ဒါပေမယ့် ဒီစာရွက်စာတမ်းမှာ အောက်တိုဘာလ ရောင်းမယ်လို့ ဖော်ပြထားပြီး Pixel 4a 5G ကို ၅၀၀ ဒေါ်လာနဲ့ ရောင်းမယ်လို့ သိရပါတယ်။ မြန်မာငွေ ၆ သိန်း ၈ သောင်းလောက် ကျသင့်မှာ ဖြစ်ပြီး 4a ထက် ဒေါ်လာ ၁၅၀ ပိုများပါတယ်။ Pixel 5a ကို ၂၀၂၁ ခုနှစ် ဒုတိယ ၃ လအတွင်းမှာ ကြေညာနိုင်ပါတယ်။

Ref : gsmarena