Samsung ဟာ နောက်ထပ် Flagship ဖုန်းအသစ်တွေဖြစ်တဲ့ Galaxy S21 Series စမတ်ဖုန်းတွေကို လာမယ့် ဇန်နဝါရီလအတွင်းမှာ မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုအချိန်မှာလည်း S21 Series စမတ်ဖုန်းတွေထဲမှာ အကောင်းဆုံးဖြစ်လာမယ့် Galaxy S21 Ultra 5G ရဲ့ Render ဓါတ်ပုံတွေက ပေါက်ကြားလာခဲ့ပါပြီ။

Design ပိုင်းအရ Galaxy S21 Ultra 5G ဟာ ယခုနှစ်အစောပိုင်းတုန်းက ထွက်ရှိခဲ့တဲ့ Galaxy S20 Ultra 5G နဲ့ ဆင်တူပြီးတော့ Display ပိုင်းမှာ Samsung Flagship ဖုန်းတစ်လုံးဖြစ်နေပေမယ့် Curved Display အစား Flat Display ကိုပဲ အသုံးပြုထားတာဖြစ်ပါတယ်။ Display အနေနဲ့ကတော့ 6.9″ AMOLED Display ပါဝင်မှာဖြစ်ပြီး ပိုပြီးပါးလွှာတဲ့ဘေးဘောင်တွေအပြင် Punch-hole Selfie Camera ပါဝင်မှာဖြစ်ပါတယ်။

အရွယ်အစားအနေနဲ့လည်း Galaxy S21 Ultra 5G ဟာ 165.1 x 75.6 x 8.9mm ရှိမှာဖြစ်ပြီး Galaxy S20 Ultra 5G ထက် အနည်းငယ်ပိုသေးမှာပါ။ Battery အနေနဲ့ကတေ့ာ 5000mAh Battery ပါဝင်လာဦးမယ်လို့ သိရပါတယ်။

Performance ပိုင်းမှာတော့ Qualcomm Snapdragon 875 သို့မဟုတ် Exynos 1000 or 2100 Chipset တွေကို အသုံးပြုလာမှာဖြစ်ပြီး RAM 12GB နဲ့ 128GB Storage အနည်းဆုံးပါဝင်လာမယ်လို့ ယူဆရပါတယ်။ ဒီတခါမှာတော့ Exynos Chipset Version က Snapdragon 875 Chipset ထက် စွမ်းဆောင်ရည်ပိုကောင်းမယ်လို့ ယူဆရပါတယ်။

Camera ပိုင်းအနေနဲ့ကတော့ Quad Camera Setup ကိုမှ Camera Bump Design ကို ထပ်မံပြောင်းလဲထားတာကိုတွေ့ရပါတယ်။ Primary Sensor အနေနဲ့ကတော့ Next Generation 108MP Sensor ကို အသုံးပြုလာနိုင်ပေမယ့် ကျန်တဲ့ Sensor တွေကိုပါ အဆင့်မြှင့်တင်လာမလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

စျေးနှုန်းအနေနဲ့ကတော့ Samsung ဟာ Galaxy S21 Ultra 5G စမတ်ဖုန်းကို $1,299 (မြန်မာငွေ ၁၇ သိန်းဝန်းကျင်) ကနေ ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – Phone Arena