iPhone 16 Series ရဲ့သတင်းအချက်အလက်တွေ မကြာခဏ ထွက်ပေါ်နေပါတယ်။ အခုလည်းအဲဒီဖုန်းတွေရဲ့ နမူနာ မော်ဒယ် ဓါတ်ပုံတွေ ထွက်ပေါ်လာပါတယ်။

iPhone 16 Dummy Unit Leak

Apple Leaker Sonny Dickson က အဲဒီပုံတွေကို မျှဝေထားတာ ဖြစ်ပြီး အဓိက ပြောင်းလဲမှုက iPhone 16 နဲ့ 16 Plus ရဲ့ ကင်မရာ ဒီဇိုင်း ဖြစ်ပါတယ်။ အရင်မျိုးဆက်တွေရဲ့ ထောင့်ဖြတ် ဒီဇိုင်း အစား ဒေါင်လိုက် ဒီဇိုင်းကို အသုံးပြုထားပါတယ်။ Pro မော်ဒယ်တွေရဲ့ ဒီဇိုင်းက များစွာ ပြောင်းလဲမှု မရှိပါဘူး။

iPhone 16: All the rumours to know | The Independent

Standard မော်ဒယ်တွေရဲ့ ဒေါင်လိုက် ကင်မရာ ပြောင်းလဲမှုဟာ Apple Vision Pro မှာ 3D နဲ့ကြည့်နိုင်တဲ့ Spatial Video တွေ ရိုက်ကူးနိုင်ဖို့ ဖြစ်ပါတယ်။

နောက်ထပ် သိသာတဲ့ ပြောင်းလဲမှုက Pro မော်ဒယ်တွေရဲ့ Display အရွယ်အစား ဖြစ်ပါတယ်။ iPhone 16 Pro Max မှာ 6.9” Display ပါလာပြီး iPhone 15 Pro Max ရဲ့ 6.7” ထက် ပိုကြီးလာပါတယ်။ ထွက်ဖူးသမျှ Pro Max မော်ဒယ်တွေထဲမှာ အကြီးမားဆုံး ဖြစ်လာမှာပါ။

iPhone 16 Pro မှာလည်း အနည်းငယ်ပိုကြီးတဲ့ 6.3” Display ပါလာပြီး iPhone 15 Pro ရဲ့ 6.1” ထက် ပိုကြီးလာပါတယ်။ iPhone 16 နဲ့ 16 Plus မှာတော့ အရင်မျိုးဆက်အတိုင်း 6.1” နဲ့ 6.7” ကို အသီးသီး အသုံးပြုထားပါတယ်။

iPhone 16 Series ကို စက်တင်ဘာလမှာ ထုံးစံအတိုင်း ကြေညာမယ်လို့ ထင်ပါတယ်။

ref : gizmochina