Lenovo K Note စီးရီးမှာ မော်ဒယ်အသစ် ထပ်ပြီးထွက်လာတော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က Lenovo K10 Note အနေနဲ့ ဖြန့်ချိခဲ့ပြီးဖြစ်ပါတယ်။ ဒီနှစ်မှာတော့ မော်ဒယ်သစ်ကို Lenovo K12 Note အနေနဲ့ မိတ်ဆက်ဖြန့်ချိမယ်လို့ သိရပါတယ်။

ဒါ့အပြင် ထွက်ပေါ်လာတဲ့ Render တွေအရ ဒီဟန်းဆက်ဟာ အစောပိုင်းကတည်းက ကြေညာထားတဲ့ Moto G9 Play ကို နာမည်ပြောင်းထားတာသာဖြစ်တဲ့အကြောင်း အတည်ပြုပေးလိုက်ပါပြီ။ ဒီအကြောင်းကို ပထမဆုံးအကြိမ်အဖြစ် တွေ့ရှိခဲ့ကြတာက ပြီးခဲ့တဲ့လကတည်းက ဖြစ်ပါတယ်။

ဒီတုန်းကတည်းက Lenovo K12 Note ဟာ အိန္ဒိယမှာ ဖြန့်ချိခဲ့တဲ့ Moto G9 Play a.k.a နဲ့ တူညီတဲ့ Device ဖြစ်တဲ့အကြောင်း ပြောခဲ့ကြပါတယ်။ အဓိပ္ပါယ်ကတော့ Lenovo ဟာ Device တစ်မျိုးတည်းကို မတူညီတဲ့ဈေးကွက်တွေအတွက် မတူညီတဲ့ နာမည်သုံးမျိုးနဲ့ ရောင်းချမယ်ဆိုတာပါပဲ။

နာမည်ကျော် Leakster Sudhanshu Ambhore (@Sudhanshu1414) ကလည်း Lenovo K12 Note ရဲ့ ထောင့်ပေါင်းစုံ Render သစ်တွေကို တွစ်တာပေါ်မှာ မျှဝေခဲ့ပါသေးတယ်။ ပုံရိပ်တွေအရ Lenovo K12 Note လည်း အိန္ဒိယရဲ့ Moto G9 Play လိုမျိုး အစိမ်းရောင်၊ အပြာရောင် နှစ်မျိုးနဲ့ ထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။

ပုံပန်းသဏ္ဍာန်မှာ Lenovo K12 Note ဟာ Moto G9 Play နဲ့ တူတယ်ဆိုပေမယ့် Spec အချို့မှာတော့ တူညီခြင်းမရှိပါဘူး။ ယိုစိမ့်လာတဲ့သတင်းအရဆိုရင်တော့ K12 Note ဟာ 20W အမြန်အားသွင်းစနစ်အစား 15W အမြန်အားသွင်းစနစ်ပဲ ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။ 6.5-inch HD+ display, Snapdragon 662 processor, 5,000mAh ဘက်ထရီ၊ 48MP အပါအဝင် ကျောဘက်ကင်မရာသုံးလုံးနဲ့ ဖြစ်မယ်လို့ သိရပါတယ်။

Ref: Gizmochina