တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လုပ်ငန်းလည်ပတ်မှုတွေ ပုံမှန်အောက်ရောက်သွားခဲ့ပေမယ့်လည်း iQOO ကတော့ သူတို့ရဲ့ iQOO 3 5G ကို လာမယ့်အပတ်ထဲမှာ မိတ်ဆက်မယ်လို့သိရပါတယ်။ iQOO 3 5G ဟာ Geekbench မှာ မြင်ခဲ့ရပြီးဖြစ်သလို AnTuTu မှာ အမှတ်အများဆုံးရခဲ့တာကိုလည်း သိခဲ့ရပြီးပါပြီ။

လွန်ခဲ့တဲ့ ၂ ရက်တုန်းက Promo page လည်းထွက်ခဲ့ပြီးဖြစ်တဲ့ iQOO 3 5G ဟာ အခုလည်း အသေးစိတ်အချက်အလက်နဲ့ လိမ္မော်ရောင် မျိုးကွဲတစ်ခုလည်းရှိသေးကြောင်း သိရပြန်ပြီ ဖြစ်ပါတယ်။ ဒီပုံရိပ်တွေဟာ မိတ်ဆက်ပွဲအတွက် အကြိုလေ့ကျင့်မှုပြုလုပ်ရာကတစ်ဆင့် ပေါက်ကြားထွက်ပေါ်လာတာလို့ ပြောရမှာပါ။

ပုံရိပ်တွေအရ iQOO 3 5G ဟာ Snapdragon 865 processor နဲ့ဖြစ်တာကို တွေ့မြင်ရပါတယ်။ LPDDR5 RAM နဲ့ UFS 3.1 သိုလှောင်မှုလည်း ပါဝင်ပါတယ်။ Geekbench ကတော့ 12GB of RAM ဗားရှင်းလည်းရှိသေးကြောင်း ဖော်ပြထားပါတယ်။ မျက်နှာပြင်ကိုတော့ “Polar View display” လို့ခေါ်ကြောင်း သိရပါတယ်။ Super AMOLED ဖြစ်ပြီး မျက်နှာပြင်ထိပ်ရဲ့ ညာဘက်ထောင့်မှာ Selfie ကင်မရာတစ်လုံးရှိပါတယ်။

ကျောဘက်ကင်မရာပိုင်းကတော့ လေးလုံးဖြစ်ပြီး 48MP အဓိကကင်မရာနဲ့ ဖြစ်ပါလိမ့်မယ်။ တရားဝင်ပိုစတာအရ 50mm portrait lens လည်း ပါဝင်မယ်လို့ သိရပါတယ်။ အခြားကင်မရာသုံးလုံးရဲ့ အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ 4,400mAh ဘက်ထရီနဲ့ဖြစ်ပြီး 55W Super Flash Charge ထောက်ပံ့ပေးထားပါသေးတယ်။ အရောင်ကတော့ Volcano Orange, Tornado Black, နဲ့ Quantum Silver ဆိုပြီးသုံးရောင်ဖြစ်ပါတယ်။

Ref: Phone Arena