Samsung က Galaxy S20 Series တွေကို ရောင်းချပေးထားပြီး အခုတော့ နောက်ထွက်မယ့် Galaxy Note 20 ရဲ့ သတင်းတွေ စထွက်လာပါပြီ။ Samsung က နွေရာသီ အကုန်လောက်မှာ Galaxy Note Series အသစ်ကို ကြေညာလေ့ရှိပါတယ်။ Galaxy Note 20 ရဲ့ သတင်းတွေ အရင်ကလည်း ထွက်ပေါ်လာခဲ့ဖူးပြီး အခုတော့ Case Mold ရဲ့ ဓါတ်ပုံထွက်လာတဲ့အတွက် အနောက်ဘက် ဒီဇိုင်းကို လေ့လာခွင့်ရလာခဲ့ပါပြီ။

Roland Quandt က Galaxy Note 20 LED View Cover ရဲ့ Case Mole ဓါတ်ပုံကို မျှဝေလိုက်တာ ဖြစ်ပြီး အနောက်ဘက် ဒီဇိုင်းဟာ Galaxy S20 Series တွေနဲ့ တူပါတယ်။ အရွယ်ကြီး လေးထောင့်ပုံ ကင်မရာ ဒီဇိုင်းကို သုံးထားပြီး အရွယ်အစားက Galaxy S20 Ultra နဲ့ တူနိုင်ပါတယ်။ Galxy Note 20 Series ထဲက ၁ လုံးမှာ အဲဒီ ကင်မရာ ဒီဇိုင်းပါလာနိုင်ပါတယ်။

ခလုတ်တွေအတွက် အပေါက်တွေကို Case ရဲ့ ညာဘက်ခြမ်းမှာ ဖောက်ထားပြီး Galaxy Note 10 Series တွေမှာတော့ ဘယ်ဘက်ခြမ်းမှာ ဖောက်ထားပါတယ်။ Note 20 မှာ Qualcomm ရဲ့ နောက်ဆုံးထုတ် စွမ်းဆောင်ရည်မြင့် Snapdragon 865 Chipset နဲ့ 120Hz Refresh Rate ပါလာမယ်လို့ သတင်းထွက်နေပါတယ်။ Note 20 ရဲ့ သတင်းအချက်အလက်တွေကို နောက်ပိုင်းမှာ ပိုမို သိလာရတော့မှာပါ။

Ref : gsmarena