ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ စမတ်နာရီတွေ လူသုံးများလာပါတယ်။ စမတ်နာရီ နယ်ပယ်မှာတော့ Apple က ဆရာကြီးဖြစ်နေပေမယ့် Huawei လို ပြိုင်ဖက်တွေကလည်း စမတ်နာရီ ဈေးကွက်ကို အပြိုင်ဝင်လုနေပါတယ်။ Huawei ဟာ အရင်နှစ်က Watch GT2  ကို ကြေညာခဲ့ပြီးနောက် Fitness အသားပေး GT2e ကို ချပြခဲ့ပါတယ်။ အခုတော့ Pro Version ကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။

အဲဒီ စမတ်နာရီရဲ့ ဓါတ်ပုံနဲ့ Specs တွေ ထွက်လာပြီး Wireless Charging ပါတဲ့ စမတ်နာရီတွေထဲက ၁ လုံး ဖြစ်လာမှာပါ။ Qi Wireless Charging Pad ပေါ်မှာ တင်ထားလိုက်တာနဲ့ အိုကေမှာပါ။ 455mAh ဘက်ထရီနဲ့ စွမ်းအင် စားသုံးမှု သက်သာစေတဲ့ Huawei LiteOS ကြောင့် ၁ ခါအားအပြည့်သွင်းထားရင် ၁၄ ရက်အထိ အသုံးခံတာက မိုက်ပါတယ်။

တခြား Specs တွေ အကြောင်း ပြောရရင် Watch GT2 Pro မှာ Bluetooth 5.1 , 32MB RAM , 4GB Storage , GPS တွေ ပါလာပြီး ရေအနက် ပေ ၁၆၀ အထိ ဝတ်ဆင်နိုင်ပါတယ်။ OLED မျက်နှာပြင် အဝိုင်းမှာ 454×454 Resolution ထောက်ပံ့ထားပြီး အရွယ်အစားက ၁.၃၉ လက်မ ဖြစ်ပါတယ်။ ၄၆ မီလီမီတာ အရွယ်အစား ဖြစ်ပြီး Huawei LiteOS မှာ သုံးနိုင်တဲ့ App တွေ နည်းပါးနေသေးတာက အားနည်းချက်ပါ။ ဂျာမနီမှာ လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်း ယူရို ၂၈၀ နဲ့ ရောင်းနိုင်ပြီး ၄ သိန်း ၄ သောင်းတောင် ရှိတဲ့အတွက် ဈေးက မသေးပါဘူး။

Ref : androidpolice