Apple ဟာ မနှစ်တုန်းက WWDC 2020 Event မှာ ကိုယ်ပိုင် M1 Chip ကို အသုံးပြုထားတဲ့ MacBook တွေကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ် WWDC 2021 Event မှာတော့ နောက်ထပ် ကိုယ်ပိုင် Chip အသုံးပြုထားတဲ့ MacBook အသစ်တွေကို မိတ်ဆက်နိုင်ခဲ့ခြင်းမရှိပါဘူး။

ဒီလိုမျိုး မိတ်ဆက်နိုင်ခြင်းမရှိတာကလည်း လက်ရှိဖြစ်ပွားနေတဲ့ Chip ပြတ်တောက်မှုတွေကြောင့် ဖြစ်ပြီး လက်ရှိ M1 Chip အသုံးပြုထားတဲ့ MacBook နဲ့ iPad Pro တွေလည်း Stock မလုံလောက်မှုကို စတင်ကြုံတွေ့နေရပြီဖြစ်ပါတယ်။ အဲ့ဒီအတွက် Apple ရဲ့ MacBook အသစ်တွေအတွက် နောက်ထပ် ကိုယ်ပိုင် Chip ထုတ်လုပ်မှုကလည်း နှောင့်နှေးနေတာလို့ ခန့်မှန်းရပါတယ်။

အခုလည်း Dylandkt အမည်ရှိတဲ့ Leaker တစ်ဦးကနေ Apple ရဲ့ MacBook Pro အသစ်တွေမိတ်ဆက်မယ့်အချိန်ကို ပြောကြားလိုက်ပြီဖြစ်ပါတယ်။ သူ့ရဲ့ ပြောကြားချက်အရတော့ Apple ဟာ MacBook Pro 14″ နဲ့ 16″ Model ၂ မျိုးကို Design ပြောင်းလဲပြီး မိတ်ဆက်မှာဖြစ်ပြီး လာမယ့် အောက်တိုဘာလကုန် သို့မဟုတ် နိုဝင်ဘာလအတွင်းမှာ မိတ်ဆက်မယ်လို့ ပြောကြားခဲ့ပါတယ်။

အဆိုပါ MacBook Pro အသစ်တွေဟာ SD Card Reader ၊ MagSafe နဲ့ HDMI Port တွေပါဝင်မှာဖြစ်ပြီး စွမ်းဆောင်ရည်ပိုကောင်းတဲ့ M1X Chip အသစ်ကိုလည်း အသုံးပြုလာမှာဖြစ်ပါတယ်။ MacBook Pro အသစ်တွေအပြင် M1X Chip ပါဝင်တဲ့ Mac Mini ကိုပါ မိတ်ဆက်လာမှာဖြစ်တယ်လို့ သိရပါတယ်။

Ref – 9to5Mac