Unicode

LEICA ကုမ္ပဏီဟာ လက်ရှိမှာ တခြားသော Digital Camera ကုမ္ပဏီနဲ့ မတူညီဘဲ စျေးနှုန်းမြင့်မားပြီး Rangefinder Style Camera တွေကို အဓိကရောင်းချတဲ့ ကုမ္ပဏီတစ်ခုလို့ ပြောလို့ရပါတယ်။ အခုလည်း LEICA ကနေ လွန်ခဲ့တဲ့ ၃ နှစ်က LEICA M10 Camera ကို အခြေခံပြီး ထူးခြားချက်တစ်ခုပါဝင်တဲ့ M10 Monochrom Camera အသစ်ကို မိတ်ဆက်လိုက်ပါတယ်။

ဒီ LEICA M10 Monochrom Camera ဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ထဲက စတင်ခဲ့တဲ့ LEICA ရဲ့ Monochrom Camera Series တွေထဲက တစ်ခုဖြစ်လာပြီးတော့ Monochrom ဆိုတဲ့အတွက် Black & White Monochrome ဓါတ်ပုံတွေကိုပဲ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဒီ LEICA M10 Monochrom Camera ဟာ စျေးနှုန်းအနေနဲ့ $8,295 (မြန်မာငွေ ကျပ် သိန်း ၁၂၀ ကျော်) ကျသင့်မှာဖြစ်ပေမယ် Color ဓါတ်ပုံတွေ ရိုက်ကူးနိုင်မှာတော့ မဟုတ်ပါဘူး။

ဒါ့အပြင် လက်ရှိ LEICA ရဲ့ Flagship Camera တွေဖြစ်တဲ့ LEICA Q2 နဲ့ SL2 Camera တွေမှာ အသုံးပြုထားတဲ့ 47MP Full Frame Color Sensor နဲ့မတူညီတဲ့ 40MP Full Frame Sensor အသစ်ကို အသုံးပြုလာတာဖြစ်ပါတယ်။ အဆိုပါ 40MP Sensor ဟာ Black & White Photography အတွက် သီးသန့်ပြုလုပ်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

အခု LECIA M10 Monochrom Camera ဟာဆိုရင် ISO Range အနေနဲ့ 160 ကနေ 100,000 အထိရှိလာမှာဖြစ်တယ်လို့ သိရပြီးတော့ ယခင် Generation ထက် ပိုပြီးစွမ်းဆောင်ရည်မြင့်မားလာတာဖြစ်ပါတယ်။ ကိုယ်ထည်အနေနဲ့ Typ 246 Monochrom Camera ထက် ပိုသေးတဲ့အပြင် Wi-Fi ၊ Touch Screen နဲ့ အသံထွက်ပိုငြိမ်သက်တဲ့ Shutter ပါဝင်လာမယ်လို့လည်း သိရပါတယ်။ Photography ကို ရည်ရွယ်တဲ့ Camera ဖြစ်တဲ့အတွက် Video Feature တွေကတော့ ပါဝင်ခြင်းရှိမှာမဟုတ်ပါဘူး။

ဘာပဲဖြစ်ဖြစ် Black & White Street Photography ကိုပဲ သီးသန့်ရိုက်ကူးတတ်တဲ့ Photographer တွေအတွက်ကတော့ ဒီ LEICA M10 Monochrom Camera က သဘောကျစရာဖြစ်လာဦးမှာပါ။

Ref – The Verge

Zawgyi

LEICA ကုမၸဏီဟာ လက္ရွိမွာ တျခားေသာ Digital Camera ကုမၸဏီနဲ႔ မတူညီဘဲ ေစ်းႏႈန္းျမင့္မားၿပီး Rangefinder Style Camera ေတြကို အဓိကေရာင္းခ်တဲ့ ကုမၸဏီတစ္ခုလို႔ ေျပာလို႔ရပါတယ္။ အခုလည္း LEICA ကေန လြန္ခဲ့တဲ့ ၃ ႏွစ္က LEICA M10 Camera ကို အေျခခံၿပီး ထူးျခားခ်က္တစ္ခုပါဝင္တဲ့ M10 Monochrom Camera အသစ္ကို မိတ္ဆက္လိုက္ပါတယ္။

ဒီ LEICA M10 Monochrom Camera ဟာ ၿပီးခဲ့တဲ့ ၂၀၁၂ ခုႏွစ္ထဲက စတင္ခဲ့တဲ့ LEICA ရဲ႕ Monochrom Camera Series ေတြထဲက တစ္ခုျဖစ္လာၿပီးေတာ့ Monochrom ဆိုတဲ့အတြက္ Black & White Monochrome ဓါတ္ပုံေတြကိုပဲ ႐ိုက္ကူးႏိုင္မွာျဖစ္ပါတယ္။ အဲ့ဒီအတြက္ ဒီ LEICA M10 Monochrom Camera ဟာ ေစ်းႏႈန္းအေနနဲ႔ $8,295 (ျမန္မာေငြ က်ပ္ သိန္း ၁၂၀ ေက်ာ္) က်သင့္မွာျဖစ္ေပမယ္ Color ဓါတ္ပုံေတြ ႐ိုက္ကူးႏိုင္မွာေတာ့ မဟုတ္ပါဘူး။

ဒါ့အျပင္ လက္ရွိ LEICA ရဲ႕ Flagship Camera ေတြျဖစ္တဲ့ LEICA Q2 နဲ႔ SL2 Camera ေတြမွာ အသုံးျပဳထားတဲ့ 47MP Full Frame Color Sensor နဲ႔မတူညီတဲ့ 40MP Full Frame Sensor အသစ္ကို အသုံးျပဳလာတာျဖစ္ပါတယ္။ အဆိုပါ 40MP Sensor ဟာ Black & White Photography အတြက္ သီးသန္႔ျပဳလုပ္ထားတာျဖစ္တယ္လို႔လည္း သိရပါတယ္။

အခု LECIA M10 Monochrom Camera ဟာဆိုရင္ ISO Range အေနနဲ႔ 160 ကေန 100,000 အထိရွိလာမွာျဖစ္တယ္လို႔ သိရၿပီးေတာ့ ယခင္ Generation ထက္ ပိုၿပီးစြမ္းေဆာင္ရည္ျမင့္မားလာတာျဖစ္ပါတယ္။ ကိုယ္ထည္အေနနဲ႔ Typ 246 Monochrom Camera ထက္ ပိုေသးတဲ့အျပင္ Wi-Fi ၊ Touch Screen နဲ႔ အသံထြက္ပိုၿငိမ္သက္တဲ့ Shutter ပါဝင္လာမယ္လို႔လည္း သိရပါတယ္။ Photography ကို ရည္႐ြယ္တဲ့ Camera ျဖစ္တဲ့အတြက္ Video Feature ေတြကေတာ့ ပါဝင္ျခင္းရွိမွာမဟုတ္ပါဘူး။

ဘာပဲျဖစ္ျဖစ္ Black & White Street Photography ကိုပဲ သီးသန္႔႐ိုက္ကူးတတ္တဲ့ Photographer ေတြအတြက္ကေတာ့ ဒီ LEICA M10 Monochrom Camera က သေဘာက်စရာျဖစ္လာဦးမွာပါ။